ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ လက်တလောမှာဆိုရင် မိသားစုရှိရာ နယူးယောက်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ဖေဖေပြန်ရောက်လာလို့ နိုင်းနိုင်းရဲ့သားသမီးလေးယောက်ကလည်း အရမ်းပျော်ရွှင်နေကြပြီး မိသားစုဘဝလေးက ပိုမိုစိုပြေသွားပါတော့တယ်နော်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

နိုင်းနိုင်းရဲ့ချစ်ဇနီးချော စန္ဒီချိုကလည်း ချစ်ခင်ပွန်းနဲ့အတူ ပျော်‌ပျော်ပါးပါးနေထိုင်ပြီး ဇနီးမောင်နှံနှစ်ယောက် ကြည်ကြည်နူးနူးနဲ့ စိန်ခေါ်ပြီးအကတွေလည်းပြိုင်ကြပါသေးတယ်နော်။နိုင်းနိုင်းရဲ့မိသားစုလေးက အရမ်းနွေးထွေးပြီး မိသားစုဝင်တွေကလည်း အများကြီးရှိတာကြောင့် မြင်တွေ့နေရတဲ့ပရိသတ်ကြီးတောင် အပျော်တွေကူးစက်ရပါတယ်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

နိုင်းနိုင်းကတော့ ပြန်ရောက်နေတဲ့အချိန်လေးမှာ သားသမီးတွေကိုသေချာဂရုစိုက်ပေးပြီး ကိုယ်တိုင်ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်နော်။ဒီနေ့လေးဟာဆိုရင်တော့ နိုင်းနိုင်းရဲ့ တတိယမြောက်သမီးလေး Emerida ရဲ့မွေးနေ့လေးဖြစ်ပြီးဖေဖေနိုင်းနိုင်းက"Happy Birthday..Emerida. ဒီနေ့ ရဲဘော်၃ မွေးနေ့ပါ၊ ကလေးတွေကျောင်းပို့ရပါဦးမည်။ ကားမှန်တွေ ရေခဲနေတယ်..I hate the snow.."ဆိုပြီး ပုံလေးတွေကိုမျှ‌ဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Actor 99's Page
Photo Credit:Actor 99's Page

Photo Credit:Actor 99's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။