လိုက်ဖက်ညီလွန်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကိုခံထားရသူတွေကတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဇာတ်အိမ်ကောင်းတဲ့ဇာတ်ကားများကိုသာ ရိုက်ကူးပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စောင့်မျှော်အားပေးနေကြတာပါ။

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

သူတို့ရဲ့ အိမ်ထောင်သက်တမ်း(၉) နှစ်ကျော်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်သစ္စာမဖောက်ဘဲ လက်ကိုခိုင်ခိုင်တွဲကာ အခက်အခဲမှန်သမျှကိုရင်ဆိုင်ဖြေရှင်းခဲ့ကြတာပါ။ ဒါကြောင့်လည်း ယနေ့ချိန်ထိတိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ထိပ်တန်းအနုပညာရှင်တွေအဖြစ်ရပ်တည်နေတာပဲဖြစ်ပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ 

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

သူတို့နှစ်ယောက်လုံးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပရိသတ်တွေကိုဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း အူဝဲရဲ့လူမှုကွန်ယက်စာမျက်နှာတွင် " သူငယ်ချင်း မင်းမော်ကွန်း နဲ့ ဖြိုးငွေစိုးတို့ ဖွင့်ထားတဲ့ “The Secret Spot” မှာ တဖြတ်သွားအားပေးတာပါ...

​မှာစားသမျှအကုန်ကောင်းနေတယ်ကွယ်..." ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြေတီဦးနဲ့အူဝဲတို့ရဲ့ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit- Eaindra Kyaw Zin’s Facebook Page

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။