ရန်ကုန်ယူနိုက်တက်အသင်း ဝါရင့်ကစားသမား ပြည့်ဖြိုးအောင် ၏ ဂုဏ်ပြု နှုတ်ဆက်ပွဲ အဖြစ် ကစားခဲ့သည့် ဘောလုံးပြိုင်ပွဲ ကို ယနေ့ညနေ ၄:၀၀ နာရီက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းများ၊ လက်ရှိ မြန်မာနေရှင်နယ်လိဂ်တွင် ယှဉ်ပြိုင်ကစားနေသည့် ကစားသမားများ ပါဝင်ခဲ့ကြပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

အဆိုပါပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ က နောက်ခံလူ ပြည့်ဖြိုးအောင် အား ဂုဏ်ပြုလက်ဆောင် အမှတ်တရပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲကို ၄၅ မိနစ် နှစ်ပိုင်းယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ က Hong Bao Dim Sum and Authentic Hong Kong Cuisine တွင် ဂုဏ်ပြုညစာဖြင့်တည်းခင်းဧည့်ခံခဲ့ပါတယ်။ ပြည့်ဖြိုးအောင် နှင့် တွဲဖက်ကစားခဲ့သည့် ဒေးဗစ်ထန်း၊ နိုင်ဇေယျာထွန်း၊ ကြည်လင်း နှင့် ရန်အောင်ကျော် တို့က နှုတ်ဆက်စကားနှင့် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ဝါရင့် နောက်ခံလူ ပြည့်ဖြိုးအောင် က နှုတ်ဆက်စကားပြောကြားရာ ယနေ့ပွဲကို စီစဉ်ပေးသည့် အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် အသင်းတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း၊ ပွဲကိုလာရောက်ပူးပေါင်းပေးကြတဲ့ ညီအစ်ကိုတွေ အားလုံးကို ကျေးဇူးတင်ကြောင်း၊ အသင်းမှ ညီအစ်ကိုတွေလည်း အသင်းအတွက် အင်တိုက်အားတိုက် ပေးဆပ်ကစားပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

source: Yangon United Football Club 's facebook

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။