မနေ့က ရှမ်းယူနိုက်တက် ယူ-၂၁အသင်း နှင့် ချင်းလန်းယူ - ၂၁ အသင်း တို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာမှာတော့ ရှမ်းယူနိုက်တက်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့ ချင်လန်းအသင်းကို ပွဲစတင်တာနဲ့ ဖိအားပေးကစားခဲ့ပြီးအဖွင့်ဂိုးကိုဦးဆောင်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit – Shan United FC
Photo Credit – Shan United FC

ရှမ်းယူနိုက်တက်ယူ- ၂၁အသင်း အတွက် ဇော်ထက်အောင်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေကိုတော့ သူရိန်ထွန်း နှင့် ရိုဘင်စန်တို့က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ချင်းလန်း ယူ- ၂၁အသင်းချေပဂိုးကိုတော့ အာကာက သွင်းယူပေးခဲ့ပြီး ချင်းလန်းအသင်းအနေနဲ့လည်းအကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပေးမယ့် ရှမ်းယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit – Shan United FC
Photo Credit – Shan United FC

ရှမ်းယူနိုက်တက်အသင်းကလည်း ယခုချင်းလန်း အသင်းနဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားတာဖြစ်ပြီး အသင်းအတွက်ရလဒ်ကောင်းတွေကို အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ရှမ်းယူနိုက်တက် ယူ-၂၁အသင်းရဲ့ နောက်ထပ် ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုရင်း မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ချင်းလန်း အသင်းတို့ပွဲစဉ်ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit – Shan United FC

Source - Shan United FC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။