အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူလေးကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေ တက်ရောက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit - Sandi Myint Lwin's Facebook
Photo Credit - Sandi Myint Lwin's Facebook
Photo Credit - Sandi Myint Lwin's Facebook

သူမရဲ့ ချစ်ခင်ပွန်းကလည်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်မှုတွေအောက်မှာ ဒီးဒီတစ်ယောက် ကြည်နူးပျော်ရွှင်နေရတာပါ။ သူမရဲ့ သမီးလေးဟာလည်း နှစ်ဖက်မိဘများသာမကဘဲ အနုပညာရှင်များကပါ ချစ်မဝေတွေ ဖြစ်နေရတာပါ။ အခုမှာလည်း ဒီးဒီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေး တစ်ခု တင်ထားတာပါ။

Photo Credit - Sandi Myint Lwin's Facebook
Photo Credit - Sandi Myint Lwin's Facebook
Photo Credit - Sandi Myint Lwin's Facebook

ဒါကတော့ မနေ့ညက ကျင်းပတဲ့ ဒီဇိုင်နာ မပုံ့(my favourite) ရဲ့ မွေးနေ့ပွဲလေးကို ချစ်ခင်ပွန်းနဲ့ အတူ သွားရောက်ရင်း ချစ်ခင်ရတဲ့ အနုပညာမောင်နှမတွေနဲ့အတူ ပျော်ပျော်ပါးပါး သီချင်းဆိုနေကြတဲ့ ဗီဒီယိုလေးပါ။ ဒီးဒီကတော့ ချစ်ခင်ပွန်းရဲ့ ပုခုံးလေးကိုကလေးတစ်ယောက်လို ချွဲနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Sandi Myint Lwin's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။