ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါကတည်းကနာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသားချောကျော်သူကတော့ ယနေ့အချိန်ထိလည်း အနုပညာလောကမှာဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်နော်။ဦးကျော်သူက "နာရေးကူညီမှုအသင်း-ရန်ကုန်"အဖွဲ့ကိုတည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဂုဏ်ယူစရာမင်းသားကြီးတစ်လက်ဖြစ်လို့ ပရိသတ်တွေကလည်းတစ်ခဲနက်ကိုအားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Thu's Facebook
Photo Credit:Kyaw Thu's Facebook
Photo Credit:Kyaw Thu's Facebook

ဦးကျော်သူက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ချက်အိုင်တွေကလည်းအရမ်းကောင်းပြီးပရိသတ်တွေကြိုက်နှစ်သက်နေဆဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးကျော်သူက ၉-၁-၂၀၂၀ ကြာသပတေး(ပြာသိုလပြည့်နေ့အမေများနေ့)မှာ မိဘကျေးဇူးကိုမမေ့မလျော့ဘဲ ဂုဏ်ကျေးဇူးတွေကိုထုတ်ဖော်ပြောဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ အောက်ပါအတိုင်းရေးသားထားဖြစ်ပါတယ်။

Photo Credit:Kyaw Thu's Facebook
Photo Credit:Kyaw Thu's Facebook

"မေမေ သာ ငါ့ကို မမွေးခဲ့ရင် ငါချစ်တဲ့ ငါ့မဟေသီနဲ့ လက်တွဲခွင့် ရမှာမဟုတ်ဘူး။မေမေ သာ ငါ့ကို မမွေးခဲ့ရင်ငါချစ်တဲ့ ပြည်သူလူထုကို အနုပညာနဲ့အလုပ်အကျွေးပြုနိုင်မှာမဟုတ်ဘူး။မေမေ သာ ငါ့ကို မမွေးခဲ့ရင် ပရဟိတ အနုပညာသမားကြီး"ကျော်သူ" ဆိုတာ ပေါ်ပေါက်လာမှာ မဟုတ်ဘူး။အမေများနေ့ကို ရည်စူး၍ ကမ္ဘာပေါ်ရှိ အမေများအားလုံးကို ဦးထိပ်ထားလျက်.....မောင်မောင်(ခ)ကျော်ဝင်း(ခ)ကျော်သူ"ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Thu's Facebook
Photo Credit:Kyaw Thu's Facebook
Photo Credit:Kyaw Thu's Facebook

Photo Credit:Kyaw Thu's Facebook

Source:Kyaw Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။