မင်းသားချောလေး ထူးအောင်ကတော့ မော်ဒယ်လောကကနေ အနုပညာနယ်ပယ်ကိုဝင်ရောက်လာတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။ ထူးအောင်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ထူးအောင်က ကိုယ်ပိုင် Gym Training ဖွင့်ထားတဲ့ သူလည်းဖြစ်ပြီး လတ်တလောမှာတော့ ပြည်တွင်းပရိသတ်တွေ အားပေးချစ်ခင်ခြင်းသာမကဘဲ ပြည်ပနိုင်ငံတွေကပရိသတ်တွေကပါအားပေးလာကြတာပဲဖြစ်ပါတယ်။

Photo Credit - Ar Kar' Facebook
Photo Credit - Ar Kar' Facebook

ယခုမှာတော့ ထူးအောင်နှင့် အဖွဲ့သားတွေစုပေါင်းပြီး နိူ့ဆီနဲ့သကြားစားမိလို့မိဘတွေရိုက်နှက်ခံရပြီးဆေးရုံတက်ခဲ့ရတဲ့ကလေးကိုပါသွားရောက် လှူဒါန်းရင်းပဲခူးခရိုင် ရွှေကျင်မြို့နယ် ဆရာတော်ဒေါက်တာ အဂ္ဂစာရ ၏ပရပာိတကျောင်းမှာ ကလေးများအတွက် လိုအပ်တဲ့ အဝတ်အစား၊ကလေးကစားစရာအရုပ်များ၊ပုဆိုး၊မုန့်များ၊အချိူရည်များကို သွားရောက်လှူဒါန်းခဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Ar Kar' Facebook
Photo Credit - Ar Kar' Facebook

ပရိသတ်တွေကလည်း စိတ်စေတနာပြည့်ဝတဲ့ ထူးအောင်တို့အဖွဲ့သားတွေကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး..။ ပဲခူးခရိုင် ရွှေကျင်မြို့နယ် ဆရာတော်ဒေါက်တာ အဂ္ဂစာရ ၏ပရပာိတကျောင်းမှာ ကလေးများအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သွားရောက်လှူးဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုမှာဆိုရင်တော့ ထူးအောင်တို့အဖွဲ့သားတွေအတူတကွ ကောင်းမှုကုသိုလ် ပြုခဲ့ကြတာလေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Ar Kar' Facebook

Source - Htoo Aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။