ဂရုဏာအသံလေးနဲ့ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်သူလေးကတော့ အဆိုတော် ပိုပိုပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ထိတိုင် ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျနေဆဲပါပဲ။ သူမဟာလတ်တလောမှာလည်း သီချင်းအသစ်လေးတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။
သူရဲ့သီချင်းလေးတွေကလည်းပရိသတ်တွေကြားမှာလူကြိုက်များအောင်မြင်နေတာပါ ။အနုပညာအလုပ်တွေကိုလည်းဝါသနာပါပြီးကြိုးစားတာကြောင့်ယခုလိုအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေလျက် ရှိနေတာပါ ။ မကြာခဏဆိုသလိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ Tik Tok Video လေးတွေလည်း ဝေမျှလေ့ရှိနေတာလည်း ဖြစ်ပါတယ်။
အခုမှာလည်း အထာကျကျလျှာလေးသပ်ကာ ပုရိသတွေပြူးပြဲကြည့်ရလောက်အောင်Tik Tokကစားပြထားတဲ့ပိုပိုရဲ့ Video လေးတင်ထားတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ Justin Bieber ရဲ့လတ်တလောထွက်ရှိထားတဲ့သီချင်းဖြစ်တဲ့” Yummy “ ဆိုတဲ့ သီချင်းလေးနဲ့ Tik Tok ကစားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။
Source - Wutyipo Tik Tok
Photo Credit- Po Po’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။