ပရိသတ်ကြီးရေ မင်းသားချောလေး တိုင်ရွန်ကတော့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ တိုင်ရွန်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

ဒီရက်ပိုင်းမှာတော့ တိုင်ရွန်က Photo Shooting လေးတွေရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နူတ်ခမ်းနီမလေးတွေကြွေ သွားရလောက်တဲ့အမိုက်စားအထာကျကျ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး သန့်ပြန့်ခန့်ညားအထာကျလွန်းတာကြောင့် ကောင်မလေးတွေ ကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့အလန်းစား ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Nyi Nyi Naing
Photo Credit : Nyi Nyi Naing

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။