သရုပ်ဆောင် မင်းသားချောလေး နိုင်းနိုင်းကတော့ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကိုအပိုင်ဖမ်းစားထားတာ ဖြစ်ပါတယ်။ အရပ်ရှည်ပြီး တောင့်တင်းကျစ်လျစ်တဲ့ Body အချိုးအစားနဲ့ နိုင်းနိုင်းက နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် အထင်မှားရတာလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းအနေနဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့တာ နှစ်အတော်ကြာအောင်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit-Actor 99 FB Page
Photo Credit-Actor 99 FB Page
Photo Credit-Actor 99 FB Page

လက်ရှိမှာတော့ နိုင်းနိုင်းက ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ သားသမီးလေးယောက်တိတိ ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးသုံးယောက်ရဲ့ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခဏတာခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုတော့ နိုင်းနိုင်းက အားလပ်ရက်ရတုန်းမှာ သူချစ်ရတဲ့မိသားစုလေးရှိတဲ့ New York ကိုသွားရောက်ပြီး သား၊သမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Actor 99 FB Page
Photo Credit-Actor 99 FB Page
Photo Credit-Actor 99 FB Page

အခုလည်း နိုင်းနိုင်းက တတိယမြောက်သမီးချောလေးဖြစ်တဲ့ Emerida ရဲ့မွေးနေ့လေးမှာ မိသားစုစုံစုံလင်လင်နဲ့ အမှတ်တရမွေးနေ့ပွဲလေး ကျင်းပပေးခဲ့ပါတယ်။ လူစုံတက်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ကိတ်ခွဲနေကြတဲ့ နိုင်းနိုင်းတို့မိသားစုလေးကတော့ တကယ့်ကိုအားကျကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သား၊သမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နိုင်းနိုင်းတို့မိသားစုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Actor 99 FB Page 

Photo Credit-Actor 99 FB Page
Photo Credit-Actor 99 FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။