ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာနဲ့ပက်သက်ရင်စွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လို့ သရုပ်ဆောင်လည်းတော်တဲ့အပြင် အဆိုလည်းကောင်းတဲ့တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့သီချင်းတွေကိုဆိုရင် လူကြီးလူငယ်မရွေးအားပေးကြပြီး အမြဲနားထောင်နေလည်းမရိုးသွားနိုင်တဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ကို မခိုင်ကြီးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး တစ်ခေတ်ကတည်းက ဖက်ရှင်အလန်းစားတွေနဲ့သူမတူအောင်လှခဲ့သူတစ်ဦးဖြစ်ပါတယ်။ယနေ့ခေတ်ထိတိုင်အောင် နုငယ်ပျိုမျစ်ခြင်းတွေကလျော့သွားခြင်းမရှိဘဲ အရမ်းမိုက်တဲ့ဖက်ရှင်တွေနဲ့လန်းနေဆဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်မှာ ပျော်ရွှင်စရာမိသားစုဘဝလေးရှိပြီး သားလေးနဲ့ချစ်ခင်ပွန်းကလည်း သူမဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးကတော့ ဘက်စုံထူးချွန်ပြီးလိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်လို့ မိဘနှစ်ပါးအတွက်မျက်နာပန်းပွင့်စေပါတယ်နော်။အခုဆိုရင်တော့ မေမေထွန်းအိန္ဒြာဗိုလ်က"ငယ်ငယ် ကတော့ မျက်နှာချို တယ်လေ"ဆိုပြီး သားလေးငယ်ငယ်က အရမ်းမျက်နှာချိုပြီး ကြီးလာတော့ တည်တည်ကြည်ကြည်လေးဖြစ်လာတဲ့ ပုံလေးနှစ်ခုကိုယှဉ်ပြပြီး ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

Photo Credit:Mi Mi Khine's Facebook

Source:Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။