ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ဖြူစင်သန့်ရှင်းတဲ့နှလုံးသားအလှပိုင်ရှင်လေးအဖြစ် အားလုံးရဲ့နှလုံးသားမှာ နေရာယူထားသူလေး ဖြစ်ပါတယ်။ ဖွေးစိန်လေးက သရုပ်ဆောင်ကောင်းသလို အကယ်ဒမီဆုတွေလည်း သုံးဆုတိတိဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်ပေမယ့် မာန်မာနကင်းပြီး ပရိသတ်တွေကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ ဖွေးဖွေးကို ယောက်ျားလေး၊ မိန်းကလေးမရွေး ချစ်ခင်အားပေးနေရတာလည်း ဖြစ်ပါတယ်။

Photo Credit- Phway Phway's FB
Photo Credit- Phway Phway's FB
Photo Credit- Phway Phway's FB

တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတဲ့ ဖွေးဖွေးက ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဖွေးဖွေးက " ပုဂံမျှော်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားမြင့်မြတ်၊ မင်းသမီးအေးသောင်းတို့နဲ့အတူ ရိုက်ကူးခဲ့ရပါတယ်။ ဒီရက်ပိုင်းမှာတော့ ဖွေးစိန်လေးတစ်ယောက် အေးအေးဆေးဆေးအနားယူရင်း အားကစားပြန်လုပ်နေတာ ဖြစ်ပါတယ်။

Photo Credit- Phway Phway's FB
Photo Credit- Phway Phway's FB
Photo Credit- Phway Phway's FB

အခုလည်း ဖွေးဖွေးက GYM မှာ အလေးမရင်း လေ့ကျင့်ခန်းတွေလုပ်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို " After 9 months of no lifting ပြန်မနိုင်နေပြီ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဖွေးစိန်လေးက ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားပမ်းစားနဲ့ GYM ကစားနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phway Phway's FB 

Photo Credit- Phway Phway's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။