ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် ဗီယက်နမ် စစ်ပွဲအတိုလေး အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ "Sino-Vietnamese War" လို့လူသိများပြီး အင်ဒို ချိုင်းနားစစ်ပွဲလို့လည်း ခေါ်ဆိုကြပါတယ်။ အများအားဖြင့် စစ်ပွဲတွေဟာ အချိန်ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့ကြပေမယ့် အချိန်အတိုလေးနဲ့ အဆုံးသတ်သွားတဲ့ စစ်ပွဲတွေ ကြတော့ သမိုင်းမှာ ပိုပြီး မှတ်ကျောက်တွင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ထဲကမှ တရုတ် ဗီယက်နမ်စစ်ပွဲကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

photo credit pngtree

အဲ့စစ်ပွဲကြီးဟာ ၂၇ ရက်မျှသာ ကြာမြင့်ခဲ့သော်လည်း အသေအပျောက်များခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှစ်နိုင်ငံကြားမှာ ရှိတဲ့ နယ်စပ်ပြဿနာ ကြောင့်လို့သိရှိရပါတယ်။ တရုတ်တို့က ဗီယက်နမ်တို့ရဲ့ ကျူးကျော်မှုကို ကြီးမားစွာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်တပ်များက ဗီယက်နမ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ကြပြီး တစ်လအကြာမှာတော့ ပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။ ဒါပေမယ့် ပြန်လည် ဆုတ်ခွာသွားချိန်မှာ တရုတ်တို့ရဲ့ ထိရောက်သော ကျင့်သုံးအရ မြေလှန်စနစ်ဖြင့် ဗီယက်နမ် ဒေသနယ်မြေများကို ဖျက်စီးခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ဗီယက်နမ်တို့ရဲ့ ရွာများ၊ လမ်းများ၊ ရထားလမ်းများကို ဖျက်ကာ ဗီယက်နမ် တို့၏ အခြေခံ လူမှု အဆောက်အအုံများစွာကို တရုတ်တို့က ဖျက်ဆီးခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်း၊ မှတ်ရာများအရ သိရှိရပါတယ်။ နောက်ဆုံး စစ်ပွဲပြီးသွားတဲ့အချိန်မှာတော့ တရုတ်၊ ဗီယက်နမ် နှစ်ဘက်စလုံးက အနိုင်ရရှိကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားခဲ့တဲ့ ၂၇ရက်ကြာ ရက်တိုစစ်ပွဲလေးကို ဖတ်ရှုရတာ ဗဟုသုတရရှိမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ဆက်လက် စောင့်မျှော်အားပေးကြပါဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။