အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့နှစ်ယောက်ကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ လက်တွဲတွေခိုင်မြဲလာခဲ့ကြတဲ့ ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ ဂီတလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေကိုယ်စီရရှိထားကြတဲ့ သူတို့နှစ်ယောက်က သီချင်းတွေလည်း အတူတူဖန်တီးနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကို အပြတ်အသတ်ဝန်းရံပြီး အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit- Wine Su's FB
Photo Credit- Wine Su's FB
Photo Credit- Wine Su's FB

တစ်ယောက်ကိုတစ်ယောက် အချစ်စစ်နဲ့ ချစ်မြတ်နိုးကြတဲ့ အောင်လနဲ့ ဝိုင်းစုတို့ချစ်သူနှစ်ဦးက နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ အနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။ အမြဲတမ်း သွားအတူ စားအတူတွဲတွေ့ရတတ်တဲ့ အောင်လတို့စုံတွဲက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ခရီးတွေအတူထွက်ပြီး ဖျော်ဖြေပွဲတွေမှာ သွားရောက်သီဆိုခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ အောင်လက သူတို့နှစ်ယောက်ရဲ့ခရီးစဉ်ကြီးပြီးဆုံးသွားပြီဖြစ်ကြောင်း ပုံလေးတင်ထားပါတယ်။

Photo Credit- Wine Su's FB
Photo Credit- Reodineius Aung La's FB
Photo Credit- Wine Su's FB

အောင်လက " အပန်းဖြေခရီးစဉ် ဒီမှာတင်ပြီးဆုံးပါပြီ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ " ဆိုပြီး ဝိုင်းစုနဲ့အတူ ကြည်နူးနေတဲ့ပုံလေးကို အမှတ်တရတင်လိုက်တာ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုတို့က အချစ်မျက်ဝန်းလေးတွေနဲ့ အပြန်အလှန်ငေးကြည့်ရင်း အကြည့်ချင်းဆုံကာ ကြည်နူးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Reodineius Aung La's FB & Wine Su's FB  

Photo Credit- Reodineius Aung La's FB
Photo Credit- Reodineius Aung La's FB
Photo Credit- Wine Su's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။