ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကြီးအောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်သလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းဖြစ်ပါတယ်။ယခုခေတ်မှာဆိုရင်တော့ လွင်မိုးက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး မိသားစုကိုသာပြည့်စုံအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Yunwaddy's IG
Photo Credit:Yunwaddy's IG

လွင်မိုးက မြေးလေးတစ်ယောက်လည်းရရှိနေပြီဖြစ်ပြီး အားလပ်တဲ့အချိန်တိုင်းမှာမြေးလေးနဲ့အတူတူဆော့ကစားပြီး အေးအေးချမ်းချမ်းနေထိုင်နေတာပဲဖြစ်ပါတယ်။လက်တလောမှာလည်းဆိုရင်တော့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း ကျောင်းတွေပိတ်လို့ခဏပြန်ရောက်နေတာကြောင့် မိသားစုတွေစုံစုံညီညီနဲ့ခရီးတွေလည်းသွားကြပြီး မိသားစုဘဝလေးက ပိုမိုစိုပြေသွားပါတော့တယ်နော်။

Photo Credit:Yunwaddy's IG
Photo Credit:Yunwaddy's IG
Photo Credit:Yunwaddy's IG

မကြာသေးခင်ရက်တွေက သြစတေးလျနိုင်ငံမှာပြင်းထန်တဲ့တောမီးလောင်မှုတွေဖြစ်ပွားခဲ့တာကြောင့် တောရဲတိရိစ္ဆာန်လေးတွေက ဒုက္ခတွေနဲ့ရင်ဆိုင်ရပါတယ်နော်။ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ဒုတိယအိမ်ဖြစ်တဲ့ သြစတေးလျနိုင်ငံမှာ မိသားစုစုံစုံညီညီလည်ပတ်ခဲ့တုန်းက တိရိစ္ဆာန်လေးတွေနဲ့ အမှတ်တရပုံလေးတွေကို Instagramမှာ မျှဝေခဲ့ပြီး သြစတေးလျအတွက်ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Yunwaddy's IG
Photo Credit:Yunwaddy's IG

Photo Credit:Yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။