အနုပညာလောကမှာဆယ်စုနှစ်တစ်ခုကျော်ကြာအောင်မြင်စွာရပ်တည်နေနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးကတော့ပရိတ်သတ်အချစ်တော်မင်းသမီးချောလေးပွင့်ပါ။သူမဟာရုပ်ရှင်ဇာတ်ကားများ၊ဗီဒီရိုဇာတ်ကားများနဲ့အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီးပရိတ်သတ်အခိုင်အမာရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မင်းသမီးချောလေးပွင့်ဟာယခုလတ်တလောတွင်နယ်showပွဲများလိုက်လံသီဆိုနေပြီး ပရိတ်သတ်တွေအတွက်အားပါးတရဖျော်ဖြေတင်ဆက်လေ့ရှိသူတစ်ယောက်ပါ။


Photo Credit-Khin Pwint Phyu's Facebook
Photo Credit-Khin Pwint Phyu's Facebook

ပွင့်ဟာသူမရဲ့တစ်နေ့တာလှုပ်ရှားမှုပုံရိပ်လေးတွေကိုsocial networkတွင်မကြာခဏတင်ပေးလေ့ရှိပါတယ်။ယခုလည်းသူမရဲ့facebookစာမျက်နှာတွင်နယ်ဘက်တွေမှာသီချင်းဆိုသွားရင်းလမ်းခရီးမှာတွေ့ရတဲ့လမ်းပြင်နေတဲ့လမ်းလုပ်သားလေးတွေကိုတတ်နိုင်သလောက်လေးမကြာခဏအလှူလုပ်ပေးဖြစ်ကြောင်းတင်ပေးလာပါတယ်။သူမတတ်နိုင်သလောက်လေးအလှူပေးရတဲ့အတွက်ပွင့်တစ်ယောက်အရမ်းကိုပျော်နေပြီး လမ်းလုပ်သားလေးတွေလည်းပျော်ရွှင်နေကြတာဖြစ်ပါတယ်။


Photo Credit-Khin Pwint Phyu's Facebook
Photo Credit-Khin Pwint Phyu's Facebook

ပွင့်ဟာစေတနာကောင်းမွန်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ရုံသာမကကျရာဇာတ်ရုပ်ကိုလည်းပီပီပြင်ပြင်လုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ပရိတ်သတ်ကြီးရောပွင့်လေးကိုချစ်ခင်အားပေးကြမယ်မလား။မုန့်တွေဝေပေးရင်းပျော်ရွှင်နေတဲ့မင်းသမီးလေးပွင့်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin Pwint Phyu's Facebook
Photo Credit-Khin Pwint Phyu's Facebook

Source-Khin Pwint Phyu's Facebook

Photo Credit-Khin Pwint Phyu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။