ပရိသတ်ကြီးတို့ရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောတစ်ဦးဖြစ်တဲ့ မယ်လိုဒီကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေ အနုအညာအလုပ်တွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ မယ်လိုဒီကတော့ သားလေးနဲ့ မိသားစုအပေါ်မှာလည်း မလစ်ဟင်းအောင် အချိန်အမြဲပေးတတ်တာကိုလည်း ပရိသတ်တွေတွေ့မြင်ရမှာပါနော်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

မေမေမျိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မယ်လိုဒီကတော့ ဇာတ်ကားရိုက်တဲ့အခါမှာလည်း သားလေးအတွက်စဉ်းစားပြီး သားလေးကြီးလာရင် ဘာပြောမလဲလို့တွေးပြီး ဇာတ်ရုပ်တွေက်ု အရမ်းစဉ်းစားတဲ့အကြောင်း ပြောပြလာပါတယ်..။

အသက်ကြီးလာတာထက် အိမ်ထောင်ကျပြီး ကလေးအမေဖြစ်သွားတဲ့အခါ တစ်ခုခုဆို သင့်တော်ပါ့မလားလို့ အရမ်းစဉ်းစားပြီး သားကြီးလာရင် ဒီဇာတ်ရုပ်ကို ကြည့်ရင် ဘာပြောမလဲလို့ တွေးဖြစ်ကာ နည်းနည်းတော့ ခက်ခဲတယ် ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

“အဆိပ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ခပ်ဟော့ဟော့ အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ကာ ကာရိုက်တာက ထူးခြားပြီး တစ်ခါမှ မလုပ်ဖူးသလို စိတ်ခေါ်တာက နည်းနည်းများတယ် ဆိုပြီးတော့လည်း “အဆိပ်” ဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

ကဲ ပရိသတ်ကြီးရေ.. ဇာတ်ကားရိုက်မယ့်အကြောင်းလေးနဲ့ သားလေးအတွက် အမြဲစဉ်းစားဖြစ်တဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ မေမေမျိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Amazing Grace Photography

Photo Credit - Melody Myo’s Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။