ခရစ်ယာန်တွေရဲ့ ဘုရားသခင် "Jesus" ကိုယ်ခန္ဓာကိန်းအောင်ခဲ့တဲ့ နေရာလေးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဲ့နေရာလေးကတော့ အစ္စရေးမှာ ရှိပြီး ကမ္ဘာတစ်ဝှမ်းကလူတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့ရှိကြတာ ဖြစ်ပါတယ်။ အဆိုပါအကြောင်းလေး မတင်ဆက်သေးခင်မှာ သတင်းကဏ္ဍမျိုးစုံကို အမြဲဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ myanmarload page ကို like and follow လုပ်ထားဖို့ သတိပေးပါရစေနော်....။

photo credit သံ ဇဉ် မိုးဇတ်
photo credit သံ ဇဉ် မိုးဇတ်

အစ္စရေးမှာ ရှိတဲ့ အဲ့နေရာလေးက စိမ်းလန်းစိုပြေပြီး သဘာဝ အလှတရားတွေနဲ့ ပြည့်နှက်နေတာပါ။ ၁၈၆၇ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်မှာ တည်ဆောက်ထားတာကြောင့် "garden of tomb" လို့အမည်ပေးခဲ့ပါတယ်။ "tomb" ဆိုတာ သင်္ချိုင်းဖြစ်ပြီး ဥယျာဉ်ပန်းခြံထဲမှာ ရှိတာကြောင့် အဆိုပါ နာမည်လေးပေးခဲ့တာပါ။ သင်္ချိုင်းဂူလေးကို တည်ဆောက်ထားတာဟာ ခရစ်ပေါ်ပြီး ရှေးဟောင်းနှစ်တွေက ဗိသုကာလက်ရာလိုမျိုးဖြစ်နေပြီး ခရစ်ယာန်သမိုင်းမှတ်တမ်း၊ မှတ်ရာတွေအရ "Jesus Christ" ကိုယ်ခန္ဓာ ခိုအောင်းရာ နေရာအဖြစ် သတ်မှတ်ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

photo credit သံ ဇဉ် မိုးဇတ်
photo credit သံ ဇဉ် မိုးဇတ်

၁၈၉၄ ခုနှစ်တွင် အဲ့သင်္ချိုင်းဂူလေးရှိရာ အနီးအနားမှ ပတ်ဝန်းကျင်တွေကို ပြန်လည် ပြုပြင်ခဲ့တာကြောင့် သာယာလှပသော "garden of tomb" ဆိုပြီး ခရစ်ယာန်ဘာသာဝင်တွေကြားမှာ ပိုပြီး နာမည်ကျော် လူသိများသွားတာဖြစ်ပါတယ်။ အဲ့နေရာကြီးကို "Skull Hill" သို့မဟုတ် "Gordon's Golgotha"ဆိုပြီးတော့လည်း လူသိများကြပါတယ်။ အဓိပ္ပါယ်ကတော့ အဲ့သချိုၤင်းဂူလေးရဲ့ အပေါ် ကျောက်နံရံတွေမှာ လူအရိုးခေါင်းပုံပေါ်နေလို့ပဲ ဖြစ်ပါတယ်။ နောင်လည်း ထူးဆန်းအံ့သြဖွယ် အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ဖော်ပြပေးသွားမှာမလို့ ဆက်လက် စောင့်မျှော်အားပေးကြပါဦးနော်။

Source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်
photo credit သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။