ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ကုသိုလ်ရေးဆိုလည်းအရမ်းလုပ်ဆောင်တဲ့သူဖြစ်လို့ အလှူအတန်းဆိုလည်းသိန်းပေါင်းများစွာကိုမကြာခဏလှူဒါန်းသလို အဓိဌာန်တွေလည်းဝင်ပြီး ဘာသာတရားကိုအရမ်းကိုင်းရှိုင်းတဲ့သူတစ်ဦးဖြစ်ပါတယ်။အခုလက်တလောမှာဆိုရင်လည်း စမိုင်းလ်က သူမနဲ့အတူ ကျိုက်ငါးကျိုက်အဓိဌာန်ဝင်ပြီးကုသိုလ်ယူမယ့်သူတွေအတွက် ကားစီးလုံးငှားပေးပြီးအစစအရာရာတာဝန်ယူကာ ဘာသာရေးအတွက် စွမ်းစွမ်းတမံကြိုးစားတာပါနော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ရဲ့ဆန္ဒတွေကိုလိုလေသေးမရှိအောင်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနားလည်မှုအပြည့်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး ရိုးရှင်းစွာနေထိုင်တတ်ကြလို့ ပရိသတ်တွေကလည်းအရမ်းချစ်ပြီးအားကျနေရတဲ့ ပြီးပြည့်စုံတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်က ကုသိုလ်ရေးတွေကိုအားကျိုးမာန်တက်လုပ်ဆောင်နေချိန်မှာ ချစ်ခင်ပွန်းကတော့ သမီးနှစ်ယောက်ကိုသေချာဂရုစိုက်ပေးပါတယ်။အခုဆိုရင်လည်း မွေးနေ့ရောက်ခါနီးမှဖျားနေတဲ့ သမီးကြီးလေးကို ဖေဖေက အစားတွေကိုယ်တိုင်ခွံ့ကျွေးကာ ပြုစုပေးနေတဲ့ပုံရိပ်လေးကြောင့် ဖခင်မေတ္တာကြီးမားပုံကိုမြင်တွေ့ရပါတယ်နော်။စမိုင်းလ်ကလည်း ချစ်ခင်ပွန်းနဲ့သမီးကြီးလေးရဲ့ပုံကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။