ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ရင်သွေးလေးတွေထဲမှာ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ သမီးချောလေး မြူလင်းကိုကိုကလည်း အပါအဝင်ပါပဲ..။

မြူလင်းကိုကိုကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းတာကြောင့် ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Lin Zarni Zaw’s Facebook
Photo Credit - Myu Linn Ko Ko’s Facebook

လင်းဇာနည်ဇော်ကတော့ သူမရဲ့သမီးချောလေး မြူလင်းကိုကို ကို လတ်တလောမှာ အနုအလုပ်တွေကို မလုပ်စေချင်သေးဘဲ ပညာရေးနဲ့ ပတ်သက်တာတွေကိုသာ လုပ်စေချင်တဲ့အကြောင်း ပြောပြလာပါတယ်..။

အနုပညာကို နက်နက်နဲနဲဝါသနာပါလို့ အနုပညာအလုပ်ကို လုပ်ရမှဆိုတဲ့ စိတ်နဲ့ဆိုရင်တော့ လုပ်ပေးချင်ပေးမယ့် အောင်မြင်ချင်ရုံသက်သက် ဖြစ်နေမှာဆိုးတာကြောင့် မလုပ်ပေးချင်သေးဘူးဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Myu Linn Ko Ko’s Facebook
Photo Credit - Lin Zarni Zaw’s Facebook

“ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း မပြောဘူး ပညာရေးတစ်ပိုင်းတစ်စနဲ့ အနုပညာလောကထဲကို ရောက်လာမှာဆိုးတာကြောင့် အစ်မတို့ မျိုးရိုးထဲမှာ ကြီးပြင်းပေမယ့် သူအနုပညာအလုပ်ကို အရမ်းစိမ်းတယ် ဒီထဲကို ရောက်သွားရင် ဝါသနာကို ပိုပြီး ပံ့ပိုးသလိုဖြစ်မှာဆိုးလို့ အစ်မကားရိုက်သွားလည်း မခေါ်ဘူး အနုပညာဘာလုပ်လုပ် မခေါ်ဘူး အနုပညာအလုပ်နဲ့ အရမ်းစိမ်းတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်မှာဆိုးလို့ လုံးဝကို ဆွဲမသွင်းထားဘူး ..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ကိုရီးယားမင်းသမီးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတယ်ဆိုပြီး ပရိသတ်တွေပြောနေကြတဲ့ အပေါ်မှာလည်း ပရိသတ်တွေက ချစ်တဲ့မျက်စိနဲ့ ကြည့်ပေးကြလို့သာ အဲ့လိုထင်တာပါ ဆိုပြီး ပြောပြထားတဲ့ လင်းဇာနည်ဇော်ရဲ့ ဗီဒီယိုဖိုင်ကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Myu Linn Ko Ko’s Facebook
Photo Credit - Myu Linn Ko Ko’s Facebook

Photo Credit - Lin Zarni Zaw’s Facebook & Myu Linn Ko Ko’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။