မြန်မာဆန်ဆန်ခန္ဓာကိုယ်လေးနဲ့ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးမအေးသောင်းပါ။မအေးသောင်းဟာအနုပညာအလုပ်တွေခဏရပ်နားထားခဲ့သော်လည်းယခုအချိန်တွင်ပြန်လည်လုပ်ဆောင်လာပြီးအောင်မြင်ကျော်ကြားနေပြီပဲဖြစ်ပါတယ်။မအေးသောင်းဟာကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။


Photo Credit-Aye Thaung's Facebook
Photo Credit-Aye Thaung's Facebook

မင်းသမီးချောလေးမအေးသောင်းဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် ဒီဇိုင်နာချောချောလေးချုပ်ပေးထားတဲ့ဝတ်စုံလေးနဲ့ အမိုက်စားtik tok videoလေးတစ်ခုကိုတင်ပေးခဲ့ပါတယ်။သူမဟာခြေလှမ်းလေးတွေကိုကျော့ကျော့မော့မော့နဲ့လျှောက်လှမ်းလာပြီးဆံပင်လေးတွေကိုခါယမ်းပြနေတာပဲဖြစ်ပါတယ်။မအေးသောင်းရဲ့tik tok videoလေးဟာ ပရိတ်သတ်တွေကြားထဲမှာလည်းရေပန်းစားလျက်ရှိပါတယ်နော်။

Photo Credit-Aye Thaung's Facebook
Photo Credit-Aye Thaung's Facebook

မအေးသောင်းဟာလတ်တလောတွင်ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုအနုပညာရှင်များစွာနဲ့အတူရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးထွက်လာရင်ရောပရိတ်သတ်တွေအားပေးကြမယ်မလား။ပုရိသတွေအကုန်ကြွေကျသွားစေမယ့်မအေးသောင်းရဲ့ tik tok videoလေးကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Thaung's Facebook
Photo Credit-Aye Thaung's Facebook

Source-Aye Thaung's Facebook

Photo Credit-Aye Thaung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။