ခုဖော်ပြသွားမဲ့ ဂိမ်းလေးဟာဆိုရင်တော့ Horror နဲ့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်ကြတဲ့ သူတွေအတွက်ပဲဖြစ်ပါတယ်။ ဂိမ်းတစ်ခုဆိုပေမဲ့လဲ ဆော့ကစားရတဲ့ အရသာဟာ Horror ကားတစ်ကားကို ကြည့်နေရသလိုပါပဲ။ ပြီးတော့ ကိုယ်ဆုံးဖြတ်ချက်ချလိုက်တဲ့ အရာတစ်ခုချင်းစီဟာလဲ ကိုယ့်ရဲ့ အနာဂါတ်ကို ပြောင်းလဲသွားစေတာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

မတူညီတဲ့ အဆုံးတွေများစွာ ရှိတယ်ဆိုတော့ ပရိသတ်ကြီးလဲ အဲ့အဆုံးသတ်တွေကို သိချင်နေကြမှာ အမှန်ပါပဲ။ ဂိမ်းနာမည်ကတော့ 7Days!: Decide your story ပဲဖြစ်ပါတယ်။ ဂိမ်းဟာလဲ နာမည်အတိုင်းပဲ သင့်အနေနဲ့ ၇ရက်ပဲအချိန်ရမှာဖြစ်ပါတယ်။ အဲ့အချိန်အတွင်းမှာ သင်ဟာ စာရိုက်နေရပြီး သင့်ကို ရွှေးချယ်ဆုံးဖြတ်ချက်တွေ ချခိုင်းပါလိမ့်မယ်။ အဲ့ဆုံးဖြတ်ချက်တွေက အပြောမှာ ပြောခဲ့သလို သင့်ရဲ့ အဆုံးသတ်ကို ပြောင်းလဲပေးမှာဖြစ်ပါတယ်။ 

ဇာတ်လမ်းလေးကတော့ ဝိဉာဉ်အချို့ဟာ စာမေးပွဲတစ်ခုကို ဖြေဆိုရဖို့အတွက် အခွင့်ရခဲ့ကြပါတယ်။ အဲ့ဒီစာမေးပွဲကို အောင်မြင်မယ်ဆိုရင် သူတို့ဟာ ပြန်လည်ရှင်သန်မွေးဖွားခွင့်ရရှိမှာဖြစ်ပါတယ်။ The messenger of death ဆိုတဲ့ သေမင်းဟာ သူတို့တစ်ယောက်ချင်းစီကို စာမေးပွဲ စစ်ခဲ့ပါတယ်။ ဝိဉာဉ်တွေအနေနဲ့ တခြားတစ်ယောက်ကို သတ်ရင်သတ် ဒါမှမဟုတ် အတူတူလုပ်ဆောင်ပြီး တာဝန်တွေကို ပြီးအောင်ဆောင်ရွက်ရမှာပါ။ ကစားသူရဲ့ Character ဖြစ်တဲ့ Kirell ကတော့ တာဝန်တွေအကုန်ပြီးခဲ့ပေမဲ့ တစ်ခုက ကျန်နေသေးပါတယ်။ အဲ့ကိစ္စကို ပြုလုပ်ဖို့အတွက် သူမမှာ အချိန်၇ရက်ရှိပြီး လုပ်ရမဲ့တာဝန်ကတော့ တခြားသူကို သေစေရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အချိန်၇ရက်မှာ ဘာကိုရွှေးချယ်ပြုလုပ်မလဲ။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။