ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ သရုပ်ဆောင်စိုးရန်အောင်နဲ့ သက်သခင်တို့ စုံတွဲလေးကလည်း အပါအဝင်ပါပဲနော်..။

အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားကြတဲ့ သူတို့စုံတွဲလေးကတော့ နှစ်ယောက်အတူ ဖြတ်သန်းနေတဲ့မိသားစုစီးပွားရေးနဲ့ အနုပညာအလုပ်တွေအကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

Photo Credit - Soe Yan Aung’s Facebook
Photo Credit - Thet Thakhin’s Facebook

စိုးရန်အောင်နဲ့ သက်သခင်တို့ စုံတွဲလေးကတော့ မိသားစုစီးပွားရေးအနေနဲ့ မုန့်ဆိုင်ဖွင့်ထားကြပြီး လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ သက်သခင်ကတော့ စိတ်ပါလာရင်တော့ အနုပညာအလုပ်တွေက် ပြန်လုပ်မှာဖြစ်ပေမယ့် လတ်တလောမှာတော့ ခင်ပွန်းသည် စိုးရန်အောင်ရဲ့ နောက်ကို လိုက်ရတာနဲ့တင် အရမ်းကို ပင်ပန်းနေပါတယ်ဆိုပြီးတော့လည်း အနုပညာအလုပ်တွေအကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

စိုးရန်အောင်ကလည်း ဇနီးလေးအနုပညာအလုပ်တွေပြန်လုပ် မလုပ်ဆိုတဲ့ အပေါ်မှာလည်း အနုပညာရဲ့ အချို့အပိုင်းလေးတွေမှာ စိတ်ရောလူရော အရမ်းကို ပင်ပန်းရတာတွေရှိတာမို့ အဲ့ဒီဒဏ်တွေကို မခံနိုင်မှာဆိုးလို့ တချို့အပိုင်းလေးတွေမှာ မလုပ်ခိုင်းတာပါ ဆိုပြီးတော့လည်း ပြောပြထားပါတယ်နော်..။

Photo Credit - Thet Thakhin’s Facebook
Photo Credit - Thet Thakhin’s Facebook

စီးပွားရေးအတွက် ဆိုင်အလုပ်တွေကိုလည်း စိုးရန်အောင်က ဦးစီးပြီး သူ့ကို ဦးစီးတာကတော့ ချစ်ဇနီးလေးပါဆိုပြီးတော့လည်း ပြောပြထားတာကိုလည်း ပရိသတ်တွေ မြင်တွေ့ သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကိုလည်း ဆင်တက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Soe Yan Aung’s Facebook
Photo Credit - Thet Thakhin’s Facebook

Photo Credit - Soe Yan Aung’s Facebook & Thet Thakhin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။