ထမင်းဟင်းအမြဲ ချက်ကျွေးတဲ့ အမေ့လက်ရာထက် တစ်ခါတစ်ရံ စိတ်ကူးပေါက်ပြီး ဟင်းချက်ကျွေးတဲ့ အဖေ့လက်ရာက ပိုကောင်းနေတတ်ပါတယ်။ အဲ့လိုချက်ကျွေးတတ်တဲ့ အဖေမျိုးက အများအားဖြင့် စိတ်ရှည်တတ်ပြီး အခြားအဖေတွေထက် ကြင်နာဂရုဏာပိုတဲ့ သူမျိုးတွေမှာပဲ တွေ့ရတတ်တာပါ။ အခုလိုပြောလို့ ဟင်းမချက်တတ်တဲ့ ဖခင်တွေကို ကိုယ့်သားသမီးပေါ် မေတ္တာတရား ခေါင်းပါးတယ်လို့ မဆိုလိုပါဘူး။ ပိုပြီး စိတ်ရှည်သည်းခံ ကြင်နာတတ်တဲ့ ဖခင်တွေလို့ ဆိုချင်ရုံသက်သက် ဖြစ်ပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကို အမြဲ စိတ်ရှည်သည်းခံ ကြင်နာတတ်တဲ့ ဘဝလက်တွဲဖော်ကို ရွေးချယ်တော့မယ်ဆိုရင် ဟင်းချက်တတ်တဲ့ အမျိုးသားတွေကို ပိုပြီးဦးစားပေး စဉ်းစားသင့်တယ်လို့ အကြံဉာဏ်ပေးချင်ပါတယ်။ ယောက်ျားလေးတစ်ယောက် ဟင်းခွက်တစ်ခွက်ကို အရသာရှိရှိ ဖန်တီးဖို့ဆိုတာ ပြောသလောက် လွယ်ကူပေမယ့် တစ်ကယ်လက်တွေ့ လုပ်ခိုင်းကြည့်ရင် ကမ္ဘာပျက်မတက် ခက်ခဲတယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ အချို့မိန်းကလေးတွေဆို ကြက်သွန်နွှာရင်တောင် မျက်လုံးမွှန်ပြီး ဆီသတ်ဖို့ အနိုင်နိုင်ဖြစ်နေချိန်မှာ ကိုယ့်ကောင်လေး ချက်ကျွေးတဲ့ ပင်လယ်စာမာလာရှမ်းကော စားရတဲ့အချိန်ကို စိတ်ကူးကြည့်လိုက်ပါနော်....။

photo credit pngtree

အဲ့လိုမျိုး အရသာရှိရှိ ဟင်းခွက်တစ်ခွက်ကို ချက်ကျွေးတာရဲ့ နောက်ကွယ်မှာ ကောင်းမွန်တဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်က ပြောသွားတဲ့အတိုင်း ယောက်ျားလေးတိုင်း ဟင်းမချက်တတ်ပါဘူး၊ ချက်တတ်တယ် ဆိုကတည်းက တစ်မျိုးသာနေပါပြီ အဲ့ဒါက တစ်ချက်ပါ။ ပြီးတော့ ဟင်းကောင်း တစ်ခွက်ဖြစ်လာဖို့ဆိုတာ စိတ်ရှည်မှုကို အရင်းခံပြီး စေတနာပါပါ နှလုံးသားနဲ့ ချက်ပြုတ်မှသာ ပြီးပြည့်စုံတာကြောင့် အဲ့လို ဖန်တီးနိုင်စွမ်းရှိတဲ့ ကောင်လေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်တယ်ဆိုတာ မှားနိုင်စရာတော့ မရှိပါဘူး...။ ဟင်းချက်ကောင်းဖို့တော့ လိုတယ်နော်....ပရိသတ်ကြီး။ 

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။