ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားအသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းများစွာ ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ အနုပညာရှင်ကတော့ အဆိုတော်မီးမီးခဲပဲ ဖြစ်ပါတယ်နော်..။

သူမရဲ့တေးသီချင်းတော်တော်များများဟာလည်း တခဲနက်အားပေးဝန်းရံမှုတွေနဲ့ ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာလည်း ပရိသတ်တွေအသိပါပဲနော်..။


Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook
Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook

သားလေးတစ်ယောက် သမီးလေး(၂)နှစ်ယောက်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ အဆိုတော်မီးမီးခဲကတော့ လတ်တလောမှာ ကင်ဆာရောဂါကို ခံစားနေရပြီး သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို ချီးကျူးစရာကောင်းပါတယ်နော်..။

ရင်သားကင်ဆာကို အဆင့်(၄)ကို ထိုးဆေး သောက်ဆေးတွေနဲ့ ထိန်းချုပ်နေရတဲ့ မီးမီးခဲဟာ လာမယ့် ဇန်နဝါရီ(၁၁)ရက်နေ့မှာ one lady show လုပ်မယ့်အကြောင်းနဲ့ သူမရဲ့လတ်တလော ကင်ဆာရောဂါအခြေအနေလေးကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။


Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook
Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook

ပြီးခဲ့တဲ့ လပိုင်းတွေက ရန်ကုန်ပြန်ရောက်လာခဲ့ပြီး မိသားစုတွေ တစ်ယောက်ချင်းစီနဲ့လည်း မိတ်ဆက်ပေးထားသလို “ကင်ဆာရောဂါက မပျောက်သေးဘူး စိတ်က ကင်ဆာကို အောင်နိုင်ထားတာ ကျွန်မ ခန္ဓာကိုယ်မှာ ကင်ဆာရှိနေသေးတယ် ကင်ဆာက ရင်သားကင်ဆာအဆင့်(၄) မပျောက်ဘူး ကျွန်မာခန္ဓာကိုယ်ရဲ့ အရိုးတွေထဲမှာ ပြန့်သွားတဲ့အတွက် ဆေးထိုးရတယ် ဆေးသောက်ရတယ် ထိန်းချုပ်ထားတယ် အခုမြန်မာပြည်ကို ပြန်လာတာလည်း ဆေးထိုးရတယ် သောက်ဆေးတွေ ယူလာရတယ် တစ်လတစ်ခါ ကင်ဆာဆရာဝန်တွေနဲ့ချိတ်ပြီးတော့ ပြန်လာရတာ ဒီကိုပြန်လာရတာ အရမ်းကို ပင်ပန်းတယ် သာမာန်လူတစ်ယောက်လို ပြန်လာရတာ မဟုတ်ဘူး ဆရာဝန်တွေဆီက ခွင့်ပြုချက်တွေယူရတယ် သူတို့က စိတ်မချလို့ မလွှတ်ချင်ဘူး ဒီနှစ်ထဲမှာ ခေါင်းနဲ့လည်ပင်းကို ဓာတ်ကင်ထားတာ (၅)ခါ ဆရာဝန်တွေက တစ်ခုခုဖြစ်သွားမှာကို စိတ်ပူတာ ဒါပေမယ့် ကျွန်မက အရမ်းလုပ်ချင်တယ် ပြန်ချင်တယ်ဆိုလို့ ဆေးစစ်ပြီး ဆေးစစ်တာအောင်လို့ ပြန်လာရတာ..” ဆိုပြီးတော့လည်း သူမရဲ့ ကင်ဆာအခြေအနေလေးကိုလည်း ပြောပြထားတာပါ..။

အခုလိုအသက်ရှင်နေတဲ့ အချိန်အတွင်းမှာ လုပ်ချင်တဲ့ one lady show လေး လုပ်ခွင့်ရသွားတဲ့ အတွက် ကျေနပ်တဲ့အကြောင်းလေးနဲ့အတူ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားလေးဆိုထားတဲ့ မီးမီးခဲရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook
Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook

Photo Credit - The Real Mee Mee Khel-မီးမီးခဲ Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။