မော်ဒယ်မင်းသားချောလေး အောင်မင်းခန့်ကတော့ အနုပညာလောကမှာ အချိန်အတိုအတွင်းမှာပဲ နေရာလေးတစ်ခုကိုရပ်တည်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အောင်မင်းခန့်ကMRTV -4 ရုပ်သံဇာတ်လမ်းတွေထဲကနေ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိခဲ့ပြီးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့အနုပညာအလုပ်တွေကို အရင်ကထက် ပိုမိုလုပ်ကိုင်နေရပြီး ပွဲကိုတွေကိုတက်ရောက်နေတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။

Photo Credit - Aung Min Khant' Facebook

ယခုတစ်ခါမှာတော့ မင်းသားချောလေးအောင်မင်းခန့်က မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲလေးကို အခြားအနုပညာရှင်မောင်နှမတွေနဲ့အတူ ကုသိုလ်ပြုကြရင်း စစ်ကိုင်းမြို့မှာရှိတဲ့ ကောင်းမှုတော်စေတီ ကို သွားရောက်ဖူးမျှော်ခဲ့ တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ မင်းသားချောလေး အောင်မင်းခန့်က မြန်မာရိုးရာဝတ်စုံလေးကိုဝတ်ပြီး ဘုရားဖူးနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မြင်သူတကာရဲ့ ရင်ထဲမှာသာယာကြည်နူးမှုတွေလည်း ကူးဆက်စေမှာအမှန်ပါနော်..။

Photo Credit - Aung Min Khant' Facebook

ပရိသတ်ကြီးကလည်းစစ်ကိုင်းကောင်းမှုတော်ဘုရားကို သွားရောက်ဖူးမျှော်နေတဲ့ မင်းသားချောလေးအောင်မင်းခန့်ရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦး..။ အောင်မင်းခန့်ကလည်း ပရိသတ်တွေအတွက် စစ်ကိုင်းကောင်းမှုတော် ဘုရားမှာ ဖူးမျှော်နေတဲ့ ကြည့်နူးလှတဲ့ ပုံရိပ်လေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုအခါမှာတော့ မင်းသားချောလေးအောင်မင်းခန့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Aung Min Khant' Facebook

Photo Credit - Aung Min Khant' Facebook

Source - Aung Min Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။