သရုပ်ဆောင် မင်းသား နိုင်းနိုင်းဟာ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့တည်ကြည်ခန့်ညားမှုနဲ့ စမတ်ကျကျဖက်ရှင်တွေဝတ်စားဆင်ယင်မှုတွေကိုလည်း  အားလုံးကကြွေခဲ့ရတာပါ။ ယနေ့ချိန်ထိတိုင်အောင် နုပျိုလန်းဆန်းနေတာဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။

Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page

သူဟာ လတ်တလောမှာတော့ မိသားစုရှိရာ နယူးယောက်မြို့ကို ခေတ္တရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားသစ်တွေရိုက်ကူးရန် မြန်မာနိုင်ငံကိုပြန်ရတော့မှာပါ။ မပြန်ခင်လေးမှာ ဇနီးနဲ့ကလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page

မနေ့ညကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ချစ်ဇနီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေ ဝေမျှထားတာပါ။ ဒီနေ့လေးဟာလည်း အိမ်ထောင်သက်တမ်း(၁၂)နှစ်ပြည့်နဲ့ ချစ်ဇနီးလေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပြီး နိုင်းနိုင်းကလည်း " Happy birthday & Happy Anniversary...My wife.

၂၀၀၈ မှ ၂၀၂၀ တိုင်တိုင် ချစ်ခင်မှု၊ နားလည်မှု၊ သံယောဇဉ် ကြီးစွာနှင့် ၁၂နှစ်တိုင်တိုင် လက်တွဲပြီး ဘဝကို လက်တွေ့ကျကျဖြတ်သန်းလာခဲ့ကြတယ်။ လောကဓံ ဘာလဲဆိုတာ ငါတို့ ကောင်းကောင်းကြီး သိခဲ့ရပြီ... ၁၂နှစ်မှသည်...နောင် ၁၂၀ တိုင်အောင် ငါတို့ ဘဝလှေကြီးကို ဖြတ်သန်းမောင်းနှင်ကြပါစို့... (ငါတည်ဆောက်ထားသော ဘဝလှေမှာပဲ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍ ငါနေသွားမှာပါ) #Actor99" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Credit- Actor99’s Facebook Page

Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။