အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာအလုပ်တွေကိုလုပ်ဆောင်လာတာ ဆယ်စုနှစ်ကျော်ရှိနေပါပြီနော်။သူမကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း စိုးပြည့်ရဲ့အနုပညာခြေလှမ်းတိုင်းကိုအားပေးဝန်းရံကြတာပါ။စိတ်သဘောထားလေးလည်းဖြူစင်မွန်မြတ်ပြီး မာန်မာနမကြီးဘဲ သဘောကောင်းဖော်ရွေတဲ့ ပြည်သူချစ်ရွှေမင်းသမီးလေးပါနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်က မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးနေတဲ့ သမီးကောင်းရတနာလေးဖြစ်ပါတယ်။နွေးထွေးကြင်နာမှုအပြည့်နဲ့ ဘယ်အရာမဆိုအတွဲညီပြီး တက်ညီလက်ညီရှိကြတဲ့စိုးပြည့်တို့မိသားစုက အရင်ရက်ကမှ တံတာဦးမြို့မှာ ရိုးရှင်းတဲ့အလှူပွဲကြီးကို ကျင်းပခဲ့ကြပြီး ရွှေမိုးငွေမိုးတွေလည်း ရွာသွန်းခဲ့လို့ ခြိမ့်ခြိမ့်သဲစည်းကားခဲ့ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

အလှူ‌ရေစက်လက်နဲ့မကွာတဲ့ စိုးပြည့်လေးက အခုဆိုရင်လည်း မိဘနှစ်ပါးနဲ့အတူ သီတဂူမျက်စိဆေးရုံကြီးမှာ နှစ်ဦးအလှူအဖြစ်လှူဒါန်းခဲ့ပါသေးတယ်။သူမသီချင်းဆိုဖျော်ဖြေနေတဲ့အချိန်မှာလည်း စင်ပေါ်တက်လာတဲ့ကလေးလေးကို ချိုမြတဲ့အပြုံးလေးတွေနဲ့ ရင်းနှီးဖော်ရွေစွာနှုတ်ဆက်နေတာဖြစ်ပါတယ်။စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့တော့ လူလေးကပါ ကြည်လင်အေးချမ်းနေတဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။