MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ဘောလုံးပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE FC အသင်းတို့ကတော့ ယနေ့ညနေ ၃နာရီ ၃၀ မိနစ် မှာ မန္တလေးမြို့က မန္တလာသီရိ အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းနှင့် ISPE FC အသင်းတို့ကတော့ရဲ့ ပွဲစဉ်ဟာ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ရဲ့ ပထမဦးဆုံး အဖွင့်ပွဲစဉ်ဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက်အသင်းကတော့ ၂၀၂၀ ရာသီ ဘောလုံးပြိုင်ပွဲတွေအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေကိုလည်းပြုလုပ်ထားပြီး ယနေ့ယဉ်ပြိုင်မယ့် ပွဲစဉ်မှာလည်းအကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်း ရဲ့ အမှတ်ပေးပြိုင်ပွဲရဲ့ ပထမဆုံး ပွဲစဉ်မှာရော အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားနိုင်မလား ၊ ရှမ်းယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကို ဘယ်လိုရလဒ်ကောင်းတွေပေးစွမ်းနိုင်မလဲဆိုတာကို ပရိသတ်တွေနဲ့ အတူ ရင်ခုန်စိတ်လှုပ်ရှားနေမှာပြီးလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပြိုင်ကတော့ ပြန်စတဲ့အချိန်တောင် ဘာလိုလိုနဲ့ ရောက်ရှိလိုလာပြီးလည်းဖြစ်ပါတယ်။ ကွင်းဝင်ကြေး အခမဲ့ဖြစ်တဲ့ ဒီပွဲစဉ်ကို MY SPORTS ဖေ့စ်ဘွတ် စာမျက်နှာကနေလည်း တိုက်ရိုက် ပြသမှာ ဖြစ်ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ ယနေ့ ညနေမှာ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပြိုင်ရဲ့ ပထမဆုံး အဖွင့်ပွဲစဉ်မှာ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်ကိုတင်ပြရင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shan United FC

Source - Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။