ရုပ်ရည်လေးကလည်း ချောမောလှပပြီး ချစ်စရာကောင်းသလို ဟာသတွေလည်းပြောတတ်တဲ့ မင်းသမီးချောလေး ဖြူဖြူထွေးကိုတော့ အားလုံးကချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက လက်ရှိအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အသက်ငယ်ငယ်နဲ့ မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးကတော့ ပိုမိုအောင်မြင်လာနဲ့အမျှ ကြော်ငြာတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးကို လူကြီး၊လူငယ်မရွေး ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ချစ်စရာကောင်းတဲ့ အနုပညာမျိုးဆက်သစ် သမီးလေးနှစ်ယောက်နဲ့ အစီအစဉ်တစ်ခုမှာ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးက ကလေးနှစ်ယောက်နဲ့တွေ့ဆုံတုန်းမှာ ရင်းနှီးဖော်ရွေစွာ စကားတွေပြောရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဗီဒီယိုလေးတွေရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ကလေးနှစ်ယောက်နဲ့အတူ Tik Tok ကစားခဲ့သလို ဟာသတွေပြောပြီး အားလုံးပျော်ရအောင် ဖန်တီးပေးခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးနဲ့ အနုပညာမျိုးဆက်သစ်လေးနှစ်ယောက်ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phyu Phyu Htwe's FB 

Photo Credit- Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။