ချစ်သူသက်တမ်း ဆယ်နှစ်ကျော်တိုင်အောင် ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူကတော့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ လိုက်ဖက်ညီတဲ့ အတွဲလေးအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးဟာ ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်တွေ အဖြစ် ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်။  

Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook

သူတို့ကတော့လက်ရှိမှာသီချင်းသစ်တွေထွက်ရှိဖို့ကြိုးစားနေတာကြောင့်ပရိသတ်တွေနဲ့ဝေးနေတာဖြစ်ပါတယ်။ပရိသတ်တွေနဲ့ဝေးနေပေမယ့်လူမှုကွန်ရက်ကနေပရိသတ်တွေအတွက်သူတို့ပုံရိပ်လေးတွေအနုပညာလှုပ်ရှားမှုလေးတွေကိုတင်ပေးလေ့ရှိတာကြောင့်ပရိသတ်တွေနဲ့အနီးဆုံးမှာရှိနေတာပါ။ပရိသတ်တွေကလည်းသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအမြဲအားပေးနေရင်းချစ်နေရတာပါ။ 

Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook
Photo Credit - Hlwan Paing's Facebook

လတ်တလောမှာတော့ သူတို့အတွဲလေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာပါ။ လွှမ်းပိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာပါ။ ဒါကတော့ " လွှမ်းပိုင်နဲ့ထက်ထက်တို့ဈေးဝယ်ထွက်ရင်

ဘယ်လိုလိုဈေးတွက်တွက်တယ်ဆိုတာ

သိချင်ရင်ကြည့်လိုက်ပါဗျို့

သူတို့အကြိုက်တွေကဘာတွေဖြစ်မလဲ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Hlwan Paing's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။