ချစ်စဖွယ်မျက်နှာလေးနဲ့သဘာဝကျကျသရုပ်ဆောင်နိုင်သူလေးကတော့မင်းသမီးချောလေးရွှေသမီးပါ။သူမဟာဗီဒီရိုဇာတ်ကားများဖြင့်ရုပ်ရှင်လောကထဲစတင်ဝင်ရောက်လာခဲ့ပြီးယခုအချိန်တွင်ရုပ်ရှင်ကားကြီးများပါရိုက်ကူးအောင်မြင်နေပြီဖြစ်ပါတယ်။မင်းသမီးချောလေးရွှေသမီးဟာလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ပွဲအခမ်းအနားများတက်ရောက်နေပြီးရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေတာပဲဖြစ်ပါတယ်။


Photo Credit-ရွှေသမီး's Facebook
Photo Credit-ရွှေသမီး's Facebook

မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင်ပြောင်းဖူးဆန်ပြုတ်ပြုတ်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ရွှေသမီးဟာရိုးရာအစားအသောက်တွေကြောင့်ပိုပျော်ရတဲ့အကြောင်းနဲ့အစားအသောက်တွေကိုချစ်တဲ့အကြောင်းကိုလည်းရေးသားထားပါသေးတယ်နော်။သူမချစ်တဲ့အစားအသောက်တွေကိုကိုယ်တိုင်ဝင်ချက်ပြုတ်ခွင့်ရလို့ရွှေသမီးတစ်ယောက်အရမ်းကိုပျော်နေတာပဲဖြစ်ပါတယ်။


Photo Credit-ရွှေသမီး's Facebook
Photo Credit-ရွှေသမီး's Facebook

မင်းသမီးချောလေးရွှေသမီးပါဝင်သရုပ်ဆောင်ထားတဲ့ချည်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်းယခုအချိန်တွင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောဒီဇာတ်ကားကြီးကိုသဘောကျနှစ်သက်ကြတယ်မလား။ပြောင်းဖူးဆန်ပြုတ်ပြုတ်ရင်းပျော်ရွှင်နေတဲ့ရွှေသမီးရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-ရွှေသမီး's Facebook
Photo Credit-ရွှေသမီး's Facebook

Source-ရွှေသမီး's Facebook

Photo Credit-ရွှေသမီး's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။