နာမည်ကြီး သရုပ်ဆောင် မင်းသမီး စိုးမြတ်နန္ဒာဟာ တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများတွင် သူမမပါရင်မဖြစ်လောက်အောင်ကို ထင်ရှားကျော်ကြားခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ကြော်ငြာမင်းသမီးလေးလို့လည်း ပရိသတ်တွေက တင်စားခေါ်ဝေါခဲ့ကြတာပါ။ လက်ရှိမှာတော့ အနုပညာလောကမှ အနားယူကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

သူမဟာ လက်ရှိမှာလည်း အစ်ကိုရှိရာ US ကို ချစ်ရသူနဲ့အတူ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ပရိသတ်ကြီးကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပုံလေးတစ်ပုံကို ဝေမျှလိုက်ပြန်ပါပြီနော်။ 

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

ဒါကတော့ ချစ်ရသူနဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့လေးမှာရှိတဲ့ Golden Gate Bridge တံတားလေးမှာ အမှတ်တရ ဓာတ်ပုံလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကိုလိုက်ဖက်ညီလွန်းတဲ့အတွဲလေးလို့တောင် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo Credit - Soe Myat Nandar's Facebook Page

Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page
Photo Credit - Soe Myat Nandar's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။