ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အပြင်ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့အတွက်ပရိတ်သတ်တွေရောအနုပညာရှင်အချင်းချင်းပါချစ်ခင်ရတဲ့သူလေးကတော့အကယ်ဒမီများရှင်မင်းသမီးချောလေးဖွေးဖွေးပါ။သူမရဲ့သဘာဝကျကျသရုပ်ဆောင်ချက်တွေကြောင့်အနုပညာလောကမှာဆယ်စုနှစ်တစ်ခုနီးပါးတိုင်အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဖွေးစိန်လေးဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီးရုပ်ရှင်ကားကြီးများလည်းဆက်တိုက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။


Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင်နေကြာပန်းစည်းလေးနဲ့အပြိုင်လှနေတဲ့သူမရဲ့ပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ဖွေးစိန်လေးဟာတမူထူးခြားတဲ့ဆံပင်ပုံစံလေးနဲ့အင်မတန်ချစ်စရာကောင်းနေပြီးပန်းစည်းလေးကိုင်ကာပျော်ရွှင်နေတာပဲဖြစ်ပါတယ်။နေကြာပန်းစည်းလေးဟာလည်းပန်းလေးတွေဝေေ၀ဆာဆာနဲ့အတော်လေးကိုလှလွန်းပါတယ်နော်။


Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

ဖွေးစိန်လေးဟာလတ်တလောတွင်ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာရှင်များစွာနဲ့ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးရုံတင်ရင်ရောပရိတ်သတ်တွေအားပေးကြမယ်မလား။နေကြာပန်းစည်းလေးနဲ့အပြိုင်ချစ်စရာကောင်းနေတဲ့ဖွေးစိန်လေးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Phway Phway's Facebook
Photo Credit-Phway Phway's Facebook

Source-Phway Phway's Facebook

Photo Credit-Phway Phway's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။