ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်နော်။သူမရဲ့ သမီးချောလေးကလည်း သူမနဲ့ချွတ်စွပ်တူပြီး အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကပါချစ်နေရတာပါ။စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးအပေါ်မှာ ကြင်နာယုယမှုတွေနဲ့ နွေးထွေးလုံခြုံမှုတွေပေးစွမ်းနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's IG
Photo Credit:Sandy Myint Lwin's IG

Treasureလေးကတော့ မကြာခင်မှာ(၆)လပြည့်တော့မှာဖြစ်ပြီး တစ်နေ့တစ်ခြားလည်းပိုပိုချစ်ဖို့ကောင်းလာကာ ချစ်မွှေးပါတဲ့ကလေးလေးပါနော်။မေမေဒီဒီးကတော့ သမီးလေးကို ပိုးမွေးသလိုသေချာပြုစုယုယပေးပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် နည်းစနစ်တကျဂရုစိုက်ပေးနေတာပါ။စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးက သမီးလေးလည်းရောက်ရှိလာတာကြောင့် ပိုမိုစိုပြေသွားပြီးအရမ်းအားကျဖို့ကောင်းပါတယ်နော်။

Photo Credit:Sandy Myint Lwin's IG
Photo Credit:Sandy Myint Lwin's IG
Photo Credit:Sandy Myint Lwin's IG

ဒီဒီးက သမီးလေးကြီးလာရင်လည်း အနုပညာသမားတစ်ယောက်ဖြစ်စေချင်ပြီး သမီးလေးကလည်း မေမေ့သွေးအပြည့်ပါမယ့်ပုံလေးပါနော်။အခုဆိုရင်တော့ Treasureလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လိုက်ကြည့်နေပြီး အသည်းယားစရာနှုတ်ခမ်းလေးကြောင့် အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's IG
Photo Credit:Sandy Myint Lwin's IG
Photo Credit:Sandy Myint Lwin's IG

Photo Credit:Sandy Myint Lwin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။