မင်းသမီးချောလေး မိုးယုစံကတော့ အလှမယ်တစ်ဦးအဖြစ်ရော သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်မှုတွေကို ဆွတ်ခူးရရှိခဲ့သူလေး ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပသလို မျက်နှာလေးကလည်း ချောမောလွန်းတဲ့ မိုးယုစံက ပရိသတ်တွေရဲ့သည်းသည်းလှုပ် အားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ မိုးယုစံက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပိုင်ဆိုင်ထားရပေမယ့်လည်း ပရိသတ်တွေက ဆက်လက်ဝန်းရံနေကြတာ ဖြစ်ပါတယ်။

Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB

မိုးယုက သူမချစ်ရတဲ့တစ်ဦးတည်းသောသားလေးကို မိခင်မေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးနေရတာကြောင့် အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိုးယုက အမြဲတမ်းလိုလို ချစ်စရာကောင်းတဲ့သားလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိပြီး ပရိသတ်တွေကလည်း မိုးယုတို့သားအမိကို အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း မိုးယုတို့သားအမိနှစ်ယောက်က စာအုပ်ဈေးရောင်းပွဲတော်မှာ အတူတူဈေးဝယ်ထွက်ခဲ့ကြပါတယ်။

Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB

မိုးယုက ချစ်ရတဲ့သားသားလေးဖတ်ဖို့ လိုအပ်တဲ့စာအုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ သားလေးကိုတယုတယနဲ့ အချစ်တွေပိုနေတဲ့ မေမေမိုးယုက " သားသားဖတ်ဖို့ စာအုပ်ဝယ် များလွန်းလို့ဘာယူရမှန်းမသိ " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံတို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Kaung Theinkha Moe Thu's FB  

Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB
Photo Credit-Kaung Theinkha Moe Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။