သရုပ်ဆောင် အလုပ်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးဘဝကတည်းက သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝါသနာပါရာအလုပ်ကိုလုပ်ကိုင်ခဲ့တာကြောင့်လည်း တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo Credit - Warso Moe Oo's Facebook
Photo Credit - Warso Moe Oo's Facebook
Photo Credit - Warso Moe Oo's Facebook

သူမဟာ ချစ်သူ ဖြိုးလေးနဲ့အတူ ချစ်သူသက်တမ်း (၄)နှစ်ကျော်ကို အတူတကွ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ ကြည်နူးပျော်ရွှင်နေတာပါ။ လတ်တလောမှာလည်း ချစ်သူနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရှော့ပင်ထွက်နေကြတာပါ။ သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမှပေးနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Warso Moe Oo's Facebook
Photo Credit - Warso Moe Oo's Facebook
Photo Credit - Warso Moe Oo's Facebook Myday

မကြာသေးခင် နာရီပိုင်းကလည်း ချစ်သူဆေးစစ်နေတာကို ဘေးနားကနေ လိုက်စောင့်နေတဲ့ ပုံရိပ်လေးကိုလည်း ဝေမျှထားပါသေးတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပါ။ ဒါကေတော့ ကိုယ်ကျပ်ဘောင်းဘီလေးကိုဝတ်ဆင်ကာ ကျစ်လစ်ဖွံဖြိုးတဲ့ ကောက်ကြောင်းအလှတရားတွေကိုထုတ်ပြလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ Videoလေးပါ။ ပရိသတ်တွေအတွက် ဝါဆိုမိုးဦးရဲ့ အမိုက်စား ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Warso Moe Oo's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။