ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူတွေကတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေပဲဖြစ်ပြီး ဆယ်စုနှစ်တွေကျော်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page

သူတို့ရဲ့သား၊သမီးလေးတွေ ဖြစ်ကြတဲ့ သုသုနဲ့ဖိုးဓီလေးဟာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း မကြာခဏဆိုသလို လူမှုကွန်ယက်များမှတစ်ဆင့်လည်း ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ဖိုးဓီလေးရဲ့ ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit -Crystal.hht's Instagram Stories
Photo Credit - Crystal.hht's Instagram Stories

ဒါကတော့ ကျောင်းအကြာကြီးမတက်ချင်ဘူးဆိုပြီး အစ်မဖြစ်သူကိုပြောပြနေတဲ့ အူဝဲသားလေးဖိုးဓီရဲ့ Video လေးပါ။ ဖိုးဓီလေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် ဖိုးဓီလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Crystal.hht's Instagram Stories

Photo Credit - Eaindra Kyaw Zin's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။