ကလေးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သမီးလေးပြည့်ပြည့်ကတော့ အရွယ်လေးနဲ့မလိုက်အောင် သရုပ်ဆောင်ပိုင်းမှာ အင်မတန်တော်တဲ့ ကလေးလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမီးလေးပြည့်ပြည့်လေးက "Asian Academy Creative Awards 2019" ဆုပေးပွဲကြီးမှာ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ပို့ဆုဆွတ်ခူးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ပြည့်ပြည့်လေးက ပညာရေးမှာလည်း ထူးချွန်သူလေးတစ်ယောက်ပါ။

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page

အခုဆိုရင်လည်း ပြည့်ပြည့်လေးက မြို့နယ်အဆင့်ကျင်းပပြုလုပ်တဲ့ ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုကြီးရရှိခဲ့ပြန်ပါတယ်။ ဒါကြောင့် ပြည့်ပြည့်လေးက မိုင်းဆတ်မြို့နယ်စုံညီဆုပေးပွဲမှာ ဆုတက်ယူခဲ့ရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အသက်ငယ်ငယ်လေးနဲ့ နိုင်ငံတကာကဆုရရှိထားသလို ပညာရေးမှာလည်းထူးချွန်ထက်မြက်တဲ့ သမီးလေးပြည့်ပြည့်ကတော့ အနာဂတ်မှာထွန်းလင်းတောက်ပလာမယ့် ငွေကြယ်ပွင့်လေးတစ်ပွင့်ဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page

အခုလည်း ပြည့်ပြည့်လေးက " ဒီနေ့ အ.ထ.က(မိုင်းဆတ်)ရဲ့ဆုပေးပွဲမှာစာစီစာကုံးဆုယူရင်းနဲ့ စည်းကမ်းသည်လူ၏တန်ဖိုး ပြဇာတ် တစ်ကိုယ်တော်အက တို့နဲ့ဖျော်ဖြေခဲ့ပါတယ်။သမီးကိုအမြဲဂရုတစိုက်သင်ကြားပြသပေးသောကျောင်းအုပ်ဆရာမကြီးဒေါ်မင်းမင်းဦးအတန်းပိုင်ဆရာမဒေါ်ခင်မျိုးသက်နှင့်တကွ ဆရာဆရာမအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ လသမီးကိုဆုယူရန်ဝတ်စုံဆင်မြန်းပေးပါသော တီတီNang Hon Tip(Shwe Shan Han)မိုင်းဆတ်မြို့။သမီးကိုအကသင်ကြားပေးပါသောDancer Zwe & Tr Yoon Yoonသမီးနှင့်သူငယ်ချင်းများကိုပြဇာတ်သင်ပြပေးပါသောဆရာအောင်မြင်ဗိုလ်(N.U.Y.C.yangon)နှင့်ဖေဖေ။အနုပညာလုပ်ငန်းများအတွက်အမြဲပံ့ပိုးကူညီပါသောမေမေနှင့်ကြီးကြီးငယ်၊ဦးဦးစိုင်းထူးတို့မိသားစု။အားလုံးကိုအထူးပဲကျေးဇူးတင်ရပါတယ်ရှင့်။ပြဇာတ်နှင့်အက videos များကိုမကြာမီတင်ပေးပါ့မယ်ရှင့်" ဆိုပြီး အမှတ်တရပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင် သမီးလေးပြည့်ပြည့်ရဲ့ ဆုပေးပွဲကပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Pyae Pyae's FB Page 

Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page
Photo Credit- Pyae Pyae's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။