ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရတနာပုံအက်ဖ်စီအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဇန်နဝါရီ ၁၁ရက် ညနေ၄နာရီမှာ စတင်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ရတနာပုံအက်ဖ်စီအသင်းတို့ နှစ်သင်းစလုံးကတော့ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် အနိုင်ရရှိဖို့ အစွမ်းကုန်ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

လူငယ်နည်းပြတစ်ဦး ဦးဆောင်မှုအောက်မှာ စောင့်ကြည့်ချင်စရာခြေစွမ်းနဲ့ပွဲထွက်လာမယ့် ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ကစားသမားကောင်းအများစုကို လက်လွှတ်ခဲ့ရပေမယ့် တိုက်စစ်မှူး အောင်သူကို ပြန်လည်ခေါ်ယူထားတဲ့ ရတနာပုံအက်ဖ်စီအသင်းတို့ရဲ့ ၂၀၂၀ အဖွင့်ပွဲစဉ်ကတော့ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရတနာပုံအက်ဖ်စီအသင်းကိုတော့ နည်းပြချုပ်အဖြစ် ဦးအောင်ကျော်မိုးက တာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။မြန်မာလက်ရွေးစင် တိုက်စစ်မှူးအောင်သူရဲ့ မြန်မာနေရှင်နယ်လိဒ်အမှတ်ပေးဖလားမှာ ပြန်လည်ကစားမယ့် ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် ခြေစွမ်းပြသနိုင်မလားဆိုတာ ပရိသတ်တွေအနေနဲ့ စောင့်ကြည်နေကြပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

source: Myanmar National League 's facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။