ဗီဒီရိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားများ၊ကြော်ငြာများနဲ့ ပရိတ်သတ်ရင်ထဲရောက်ရှိလာသူလေးကတော့ မင်းသားချောလေးသူရိယပါ။သူဟာ သာ့သနာဘောင်သို့ခဏဝင်ရောက်ခဲ့ပြီးယခုအချိန်တွင်အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ မင်းသားချောလေးသူရိယဟာ ယခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေပြီး photo shootingများလည်း ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit-Thu Riya's Facebook
Photo Credit-Thu Riya's Facebook

မင်းသားချောလေး သူရိယဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင် ဟသာၤတို့ရဲ့နန်းတော်ရှေ့မှာဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ သူရိယဟာမန္တလေးမြို့ကိုရောက်နေတာဖြစ်ပြီး မန္တလေးကျုံးရှေ့မှာဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်နော်။ သူရိယဟာ free styleလေးနဲ့ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး ယောကျာ်းပီသစွာခန့်ညားချောမောနေတာပဲဖြစ်ပါတယ်။

Photo Credit-Thu Riya's Facebook
Photo Credit-Thu Riya's Facebook

မင်းသားချောလေးသူရိယဟာသရုပ်ဆောင်ကောင်းမွန်ရုံသာမက အဆိုပိုင်းမှာပါထူးချွန်တဲ့အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ပရိတ်သတ်ကြီးရောသူရိယလေးကိုချစ်ခင်အားပေးကြမယ်မလား။မန္တလေးမြို့ကြီးကိုရောက်ရှိနေတဲ့မင်းသားချောလေးသူရိယရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thu Riya's Facebook
Photo Credit-Thu Riya's Facebook

Source-Thu Riya's Facebook

Photo Credit-Thu Riya's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။