အဆိုတော်မလေး ပိုပိုကိုတော့ ပရိသတ်တွေအားလုံးက "ချစ်ဖူးခဲ့သမျှ" ဆိုတဲ့ သီချင်းလေးနဲ့ စတင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အသံကောင်းသလို သီချင်းကောင်းကောင်းလေးတွေကိုလည်း သီဆိုတတ်တဲ့ ပိုပိုက လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတဲ့ တေးသံရှင်တစ်ဦး ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်ချောမောတဲ့ ပိုပိုက ယောက်ျားလေးပရိသတ်တွေ တော်တော်များများရဲ့စိတ်ဝင်တစားအားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit-ပိုပို Facebook Page
Photo Credit-ပိုပို Facebook Page
Photo Credit-ပိုပို Facebook Page

လက်ရှိမှာဆိုရင် ပိုပိုက တစ်ကိုယ်တော်တေးအယ်ဘမ်တွေထွက်ရှိပြီး အောင်မြင်နေသလို နောက်ထပ်သီချင်းအသစ်တွေလည်း ဆက်တိုက်ဖန်တီးနေတာ ဖြစ်ပါတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ ပိုပိုက မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရတာ ဖြစ်ပါတယ်။ အခုလည်း ပိုပိုက ဖျော်ဖြေပွဲတစ်ခုမှာ " ချစ်ဖူးခဲ့သမျှ " ဆိုတဲ့ သီချင်းလေးကို Version တစ်မျိုးပြောင်းပြီး သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

Photo Credit-ပိုပို Facebook Page
Photo Credit-ပိုပို Facebook Page
Photo Credit-ပိုပို Facebook Page

စင်ပေါ်ကနေ ပျော်ပျော်ပါးပါးကခုန်ပြီး သီဆိုဖျော်ဖြေနေတဲ့ ပိုပို့ကို အောက်ကပရိသတ်တွေကလည်း အပီအပြင်အားပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်"ချစ်ဖူးခဲ့သမျှ" သီချင်းလေးရဲ့ Version အသစ်ကလည်း မြူးကြွတဲ့သံစဉ်တေးသွားတွေနဲ့ အရမ်းကိုနားဆင်လို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "ချစ်ဖူးခဲ့သမျှ" သီချင်းလေးနဲ့ အားရပါးရဖျော်ဖြေခဲ့တဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-ပိုပို Facebook Page 

Photo Credit-ပိုပို Facebook Page
Photo Credit-ပိုပို Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။