မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မထက်ထက် ကတော့ ပရိသတ်တွေရင်ထဲမှာ နေရာလေးတစ်ခုကို အခိုင်အမာရပ်တည်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ မထက်ထက်က မိတ်ကပ်နယ်ပယ်မှာသာမက အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ လတ်တလောမှာ မထက်ကတော့ အခြားသူတွေကို ပိုမိုလှပအောင်ပြင်ဆင်ပေးတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း အနုပညာအလုပ်တွေကိုလည်း အရင်ကထက် လုပ်ကိုင်နေပြီးလည်းဖြစ်ပါတယ်။

Photo Credit - Htet Htet Htet’s Facebook
Photo Credit - Htet Htet Htet’s Facebook

ယခုတစ်ခါမှာတော့ မထက်ထက် က ရိုးရိုးယဉ်ယဉ် မြန်မာဆန်ဆန်ဝတ်စုံလေးကို ဝတ်ပြီးဘုရားမှာသွားရောက် ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်လည်း မထက်ထက်က သိမ်မွေ့လှတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ကောင်းမှုကုသိုလ်ပြုတဲ့ ပုံစံလေးကိုက ချစ်စရာကောင်းလောက်ပါတယ်နော်..။ ဒါ့အပြင် မထက်ထက် က ဘဝတစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းပြီး အေးချမ်းလှတဲ့ သူမရဲ့ ပုံရိပ်လေးက မြင်သူတကာရင်ထဲမှာ အေးချမ်းမှုတွေကိုလည်း ကူးစက်စေမှာ အမှန်ပါနော်။

Photo Credit - Htet Htet Htet’s Facebook
Photo Credit - Htet Htet Htet’s Facebook

ပရိသတ်ကြီးကလည်း ဘုရားမှာသူငယ်ချင်း လင်းလင်း နဲ့အတူ သွားရောက်ပြီးကောင်းမှုကုသိုလ် ပြုခဲ့ကြတဲ့ မထက်ထက်တို့ ရဲ့ ပုံရိပ်လေးတွေကိုလည်း အသည်းလေးတွေပေးလိုက်ပါဦးနော်..။ မထက်ထက်ကလည်း ပရိသတ်တွေ ကြည့်ရှုခံစားစေဖို့အတွက် ဘုရားမှာကောင်းမှုကုသိုလ်ပြုခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ဘုရားမှာကောင်းမှုကုသိုလ် ပြုခဲ့တဲ့ မိတ်ကပ်မထက်ထက်ရဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Htet Htet Htet’s Facebook

Photo Credit - Htet Htet Htet’s Facebook

Source - Htet Htet Htet’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။