ဂီတလောက ကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးကာ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ် အားပေးဝန်းကြတဲ့ အနုပညာရှင်ကတော့ အဆိုတော်သရုပ်ဆောင် မင်းသားချောထွန်းထွန်းပဲ ဖြစ်ပါတယ်နော်..။

ဂီတဘက်မှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေတဲ့ ထွန်းထွန်းကတော့ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်တုတွေကိုပါ သိမ်းပိုက်ထားပြီး အနုပညာလမ်းကြောင်းမှာ နေရာ တစ်နေရာ ရရှိထားသူဆိုလည်း မမှားပါဘူးနော်..။


Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

အကယ်ဒမီရင်ခုန်သံတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ဇာတ်ကားတွေက နည်းပေမယ့် အခြားအနုပညာရှင်တွေရဲ့ ဇာတ်ကောင်စရိုက်ပီပြင်တဲ့ ဇာတ်ကားတွေအများကြီးတွေ့ရတာမို့ ဒီနှစ်အကယ်ဒမီကတော့ လုံးဝဒိတ်ဒိတ်ကြဲပဲဆိုပြီး အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါတယ်နော်..။

ထွန်းထွန်းကတော့ အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပြီး ရုံတင်ပြသတော့မယ့် “ရွာကျော်မိကဲ” ဟာသရုပ်ရှင်ဇာတ်ကားလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဦးမှာပါနော်..။


Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

ရယ်စရာဟာသလေးတွေနဲ့ ဘဝအမောတွေပြေစေမယ့် “ရွာကျော်မိကဲ” ဇာတ်ကားမှာလည်း ကျတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ထားကြတဲ့ ရွှေမှုံရတီနဲ့ အခြားအနုပညာရှင်များကိုလည်း ချီးကျူးစကားလေးဆိုထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်လေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

ထွန်းထွန်းကတော့ သူ့အနေနဲ့ ဇာတ်ကားတစ်ကားရိုက်တော့မယ်ဆိုရင် ဇာတ်ညွှန်းကို အမြဲတမ်းအခေါက်ခေါက်အခါခါဖတ်ကာ လေ့ကျင့်တဲ့အကျင့်ရှိပြီး ရိုက်ကွင်းပေါ်မှာပဲ ဖြစ်ဖြစ် ဒါရိုက်တာလိုအပ်ချက်ပဲဖြစ်ဖြစ် တွဲဖက်သရုပ်ဆောင်တွေနဲ့ပဲဖြစ်ဖြစ် အပေးအယူမျှအောင် ကြိုတင်လေ့ကျင့်မှုတွေအများကြီးလုပ်ပြီးတော့ ရိုက်ကူးခဲ့တဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ ထွန်းထွန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htin Aung Tun’s Facebook
Photo Credit - Htin Aung Tun’s Facebook

Photo Credit - Htin Aung Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။