ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ မိုးယံဇွန်ကတော့ တောင့်တင်းခိုင်မာတဲ့ခန္ဓာကိုယ်ကလည်းအရမ်းယောကျ်ားပီသပြီး တည်ကြည်ခန့်ညားတဲ့ရုပ်ရည်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေကအသည်းတွေတဖြုတ်ဖြုတ်ကြွေကျနေရတာဖြစ်ပါတယ်။ဗီဒီယိုလောကကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးလာတဲ့ မိုးယံဇွန်ရဲ့အနုပညာသက်တမ်းကတော့ နည်းပေါင်းမနည်းတော့ပါဘူးနော်။

Photo Credit:Moe Yann Zune's Facebook
Photo Credit:Moe Yann Zune's Facebook

မိုးယံဇွန်က ယခုခေတ်မှာလည်း အနုပညာလောကမှာနေရာတစ်နေရာကနေရပ်တည်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့အလှမ်းမဝေးကွာသွားအောင်ကြိုးစားနေတာပါ။မိုးယံဇွန်ကတော့ လူငယ်ပီပီပေါ့ပါးလွတ်လပ်စွာနေထိုင်ပြီး သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေလည်းပေါများပါတယ်နော်။

Photo Credit:Moe Yann Zune's Facebook
Photo Credit:Moe Yann Zune's Facebook
Photo Credit:Moe Yann Zune's Facebook

မင်းသားချောလေးမိုးယံဇွန်ကတော့ သူ့ရဲ့ချစ်သူနဲ့ပက်သက်ပြီးတော့လည်း လူမှုကွန်ယက်စာမျက်နှာမှာ မကြာခဏမျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း မိုးယံဇွန်က သာယာလှပတဲ့နေရာလေးမှာချစ်သူနဲ့အတူတူ စက်ဘီးလေးစီးပြီးရိုဆန်နေတာဖြစ်ပြီး အရမ်းလိုက်ဖက်ညီနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yann Zune's Facebook
Photo Credit:Moe Yann Zune's Facebook

Photo Credit:Moe Yann Zune's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။