နာမည်ကျော်ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေရဲ့ လက်စွဲတော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ မှော်ဆန်တဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပဲ ဖြစ်ပါတယ်..။

မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေအပြင် စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း အားလုံးကအချစ်ပိုရတဲ့ လင်းလင်းကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပါ ရိုက်ကူးသရုပ်ဆောင်နေတာ ပရိသတ်ကြီးများ အသိပါပဲနော်..။


Photo Credit – Lin Lin’s Facebook
Photo Credit – Lin Lin’s Facebook

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်တဲ့အတိုင်း သူမရဲ့အချစ်ရေးလေးကိုလည်း အားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြသလို ပြီးခဲ့တဲ့ရက်ပိုင်းတွေက ချစ်သူကောင်လေးကို ချပြလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး လင်းလင်းက ပြန်လည်ဖြေရှင်းပြောပြလာခဲ့ပါတယ်နော်..။

သူတို့နှစ်ယောက်ဟာ ပရိသတ်တွေထင်သလို ချစ်သူတွေမဟုတ်ဘဲ သူမမှာချစ်သူမရှိသလို ချပြဖို့ မလိုအပ်တာမို့ ချစ်သူရှိရင်လည်း ချပြမှာ မဟုတ်ပါဘူးဆိုပြီး လင်းလင်းက ပြောပြထားတာပါ..။

Photo Credit – Amazing Grace Photography
Photo Credit – Lin Lin’s Facebook

“အဲ့ဒါ မဟုတ်ဘူး တကယ်တော့ ဒီကောင်လေးဆို ချောတယ် အရပ်ရှည်တယ် သူများချပြတာတော့ခံမလား ကိုယ့်ဘာသာကိုယ်ပဲ ချပြလိုက်တော့မှာပေါ့ အဓိကကတော့ မိန်းမလျာအချစ်ရေးဆိုတာ ကံကောင်းလိုက်တာဟယ် ငါ့သားလေး လင်းလင်းနဲ့ကြိုက်တာ အရမ်းဂုဏ်ယူလိုက်တာဆိုတဲ့ မိဘမျိုးလည်း ရှိချင်မှ ရှိမယ် မိန်းမလျာတွေကိုချစ်တယ် ကိုယ်ချင်းစာပေးတတ်တယ်ဆိုတဲ့ လူမျိုးပဲရှိတာလေ အဲ့ဒါကြောင့် လင်းချစ်သူမဟုတ်ပါဘူး ချစ်သူရှိရင်လည်း ချပြမှာ မဟုတ်ပါဘူး လိုမှ မလိုတာ ဒါတွေက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေရင် ပြီးရောလေ လူတိုင်းက ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ကိုယ်ပျော်နေတဲ့အရာကို လုပ်နေရတာ အကျေနပ်ဆုံးပဲလေ ကောင်းတာလည်း ကိုယ်ခံရမှာ ဆိုးတာလည်း ကိုယ်ပဲခံရမှာဆိုတော့ ဘယ်သူမပြုမိမိမှု့လို့ လင်းကတော့ ထင်ပါတယ် ..” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ချစ်သူကို ချပြလိုက်တယ်ဆိုတဲ့ အကြောင်းလေးအပြင် လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြထားတဲ့ လင်းလင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Lin Lin’s Facebook
Photo Credit – Lin Lin’s Facebook

Photo Credit – Lin Lin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။