ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်ကတော့ ဂျိုကာဖြစ်ပါတယ်။ဂျိုကြီးဟာအဆိုတော်ရဲလေးရဲ့ညီအရင်းလည်းဖြစ်ပြီး အမြဲပျော်ပျော်နေတတ်တဲ့သူဖြစ်သောကြောင့် အနုပညာရှင်အချင်းချင်းကပါချစ်ခင်လေးစားရတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ဂျိုကြီးဟာယခုလတ်တလောတွင် ရုပ်ရှင်ကားကြီးများရိုက်ကူးနေပြီး အစ်ကိုဖြစ်သူရဲလေးနဲ့တွဲကာ အနုပညာလုပ်ငန်းတွေလည်း ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ဂျိုကာဟာသူ့ရဲ့ချစ်သူကောင်မလေးနဲ့လည်း ပျော်ရွှင်ဖွယ်relationshipတစ်ခုကို တည်ထောင်ထားပြီးသူတို့ရဲ့ချစ်သူသက်တမ်းမှာဆယ်နှစ်ကျော်ရှိနေပြီဖြစ်ကြောင်းကိုလည်း facebookစာမျက်နှာတွ င်မကြာသေးမီက ရေးသားဖော်ပြလာပါတယ်။ သူတို့စုံတွဲလေးဟာ အကြောင်းကြောင်းကြောင့်ဝေးခဲ့ဖူးပေမယ့် အခုနောက်ဆုံးပြန်တွေ့ရတဲ့ချစ်ခြင်းက ဟိုအရင်ကထက်ပိုအဓိပ္ပါယ်ရှိပါတယ်လို့လည်း ရေးသားထားပါသေးတယ်။ သူ့ရဲ့ချစ်သူကောင်မလေးဟာ သူနဲ့စိတ်တူကိုယ်တူနဲ့နားလည်မှုအရှိဆုံး၊keyအကိုက်ဆုံးဖြစ်တယ်လို့လည်းပြောပြထားပါတယ်။

ဂျိုကြီးပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက် ကြောက် ကြောက်(၂)ရုပ်ရှင်ကားကြီးဟာလည်း ယခုအချိန်တွင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောဒီဇာတ်ကားကြီးကိုအားပေးကြမယ်မလား။ ချစ်သူသက်တမ်း၁၀နှစ်ကျော်သွားပြီဖြစ်တဲ့ ဂျိုကာတို့စုံတွဲလေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။