ပရိသတ်ကြီးရေ.. ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ထားရပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားသူကတော့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားတဲ့ ယွန်းရွှေရည်ကတော့ သရုပ်ဆောင်ကောင်းတဲ့ အပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပင်ကိုယ်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာဆိုလည်း မမှားပါဘူးနော်..။


Photo Credit – Yoon Su’s Facebook
Photo Credit – Yoon Su’s Facebook

ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ ယွန်းရွှေရည်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်အသစ်တွေများလာတဲ့အပေါ်မှာလည်း သူမရဲ့ခံယူချက်နဲ့ အမြင်လေးတွေကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

အသစ်တွေများလာလည်း ဘာမှအားငယ်စရာမလိုသလို အသစ်တွေကလည်း အနုပညာကိုချစ်လို့ဝင်လာကြတာပဲမို့ သူတို့ကိုတောင် လက်တွဲခေါ်ရမှာဖြစ်ပြီး သူ့နေရာကိုယ့်နေရာက ရှိပြီးသား ကိုယ့်အနုပညာကို ကိုယ်လုပ်နိုင်သလောက် ကိုယ့်အနုပညာ ကိုယ့်နေရာကို အကောင်းဆုံးဖြစ်အောင် ထူထောင်မယ် ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit – Yoon Su’s Facebook
Photo Credit – Yoon Su’s Facebook

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နောက်လူဆိုတာ ရှိမှာဖြစ်ပြီး အရေးကြီးတာက ကိုယ့်အနုပညာ ကိုယ့်နေရာလေးမှာ ကိုယ့်အနုပညာမှတ်တိုင်တစ်ခုကို ခိုင်မာစွာ မှတ်တိုင်ထူထားနိုင်ရင် ကိုယ့်နေရာနဲ့ထိုက်တန်တဲ့ အချိန်နေရာတစ်ခုကတော့ မဖြစ်မနေလာမှာပဲ ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဗီဒီယိုဈေးကွက်ပြန်ကောင်းလာရင် အနုပညာရှင်တွေ အလုပ်ပြန်ရလာပြီး ပြန်အဆင်ပြေလာမှာမို့ ဗီဒီယိုဈေးကွက်ပြနကောင်းလာဖို့ အမြဲဆုတောင်းတဲ့အကြောင်းလေးတွေကိုပါ ပြောပြထားတဲ့ ယွန်းရွှေရည်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။


Photo Credit – Yoon Su’s Facebook
Photo Credit – Yoon Su’s Facebook

Photo Credit – Yoon Su’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။