သူရိယ က အနုပညာလောကမှာ နေရာတစ်ကိုအခိုင်အမာ ရပ်တည်ထားနိုင်ပြီးဖြစ်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မင်းသားချောလေး သူရိယက ရုပ်ရှင်ဇာတ်ကားတွေမှာလည်းကြရာ ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို အရင်ကထက် ပိုမိုလုပ်ကိုင်နေရပြီး မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံမှာလည်း တံသမန် အဖြစ်ခံအပ်ခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit –Thu Riya’s Facebook
Photo Credit –Thu Riya’s Facebook
Photo Credit –Thu Riya’s Facebook

ယခုတစ်ခါမှာလည်း သူရိယက မန္တလေးမြို့ နန်းခေါတ်ပိုးထည်တိုက် ရဲ့ ရှင်ပြု ၊ ရဟန်းခံ အလှူမင်္ဂလာပွဲမှာ ပါဝင်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာ ခဲ့ပါတယ်။ ဒီပုံလေးထဲမှာဆိုရင်လည်း သူရိယကအလှူမင်္ဂလာပွဲလေးမှာ မြန်မာ့ရိုးရာ ဝတ်စုံလေးကိုဝတ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်လိုက်ပြန်ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားချောလေး သူရိယကစည်ကားလှတဲ့ အလှူပွဲနေ့လေးမှာ လှည့်လည်ရင်း ပရိသတ်တွေနဲ့လည်း အမှတ်တရ ဓါတ်ပုံလေးတွေရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit –Thu Riya’s Facebook
Photo Credit –Thu Riya’s Facebook
Photo Credit –Thu Riya’s Facebook

ပရိသတ်ကြီးကလည်း မန္တလေးမြို့ နန်ခေါတ်ပိုးထည်တိုက် ရဲ့ အလှူပွဲလေးမှာ ပါဝင်ကုသိုလ် ပြုခဲ့တဲ့ မင်းသားချောလေး သူရိယကို အရင်ကထက် ပိုပိုချစ်သေရဲ့လား။ဒါ့အပြင် ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ အလှူပွဲနေ့လေးမှာကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေ ပြန်လည်ကြည့်ရှုခံစားစေဖို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုအခါမှာတော့ မင်းသားချောလေး သူရိယရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit –Thu Riya’s Facebook

Photo Credit –Thu Riya’s Facebook

Source - Thu Riya’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။