တစ်ခေတ်တစ်ခါက တည်ကြည်ခန့်ညားပြီး စမတ်ကျတဲ့ဖက်ရှင်တွေကြောင့် နှုတ်ခမ်းနီမလေးတွေကြွေခဲ့ရသူကတော့ သရုပ်ဆောင် မင်းသားချောလေး နိုင်းနိုင်းပါ။ သူဟာ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့ မိသားစုဘဝလေးကို ပရိသတ်တွေအားလုံးကကြည့်ပြီး အားကျနေရတာပါ။ 

Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page

ဇနီးဖြစ်သူနဲ့သားသမီးတွေဟာ ပြည်ပမှာနေထိုင်တာဖြစ်တာကြောင့် နိုင်းနိုင်းဟာ မကြာခဏသွားရောက်လည်ပတ်လေ့ရှိတာပါ။ လတ်တလောမှာလည်း မိသားစုတွေရှိရာ နယူးယောက်မြို့ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။

Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page
Photo Credit- Actor99’s Facebook Page

ဒါကတော့ တတိယမြောက် သမီးလေးရဲ့မွေးနေ့လေးကို သမီးလေးရဲ့ကျောင်းမှာသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့တာပါ။ နိုင်းနိုင်းကလည်း " Emerida' Birthday အမှတ်တရ.... ကြည့်ရှု အားပေး ချစ်ခင်ကြသော ချစ်ပရိသတ်များ ကျေးဇူးတင်ပါတယ်။ မင်္ဂလာ ရှိသောနေ့များပိုင်ဆိုင်ပါစေ...

#Actor99" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Actor99’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။